ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား
NEJ / ၃ ဇူလိုင် ၂၀၀၉
line

 

အင်းစိန်ထောင်အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို ယနေ့ရုံးချိန်းထုတ်သည့်အတွက် ထောင်ရှေ့နှင့် ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးများ ထူထပ်စွာချထားကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “လုံခြုံရေးချထားတာ အရင်ရုံးချိန်းတွေတုန်းကထက် အဆပေါင်းများစွာ များတယ်။ အင်းစိန် ခုံးတံတားကို ရောက်ရင် ခုံးကျော်တံတား မျက်နှာချင်းဆိုင်လမ်းမှာ လုံထိန်းရဲကား (၆) စီးနဲ့ စစ်ကားတစီး အဆင်သင့်ရပ်ထားတယ်။ အရင်က ဒီလို အပြင်ဘက်ကျတဲ့ နေရာမှာ ဘာမှမရှိဘူး။ ခု ချထားတယ်။ နောက် ခုံးကျော်တံတားထိပ်ကိုလည်း အရင်လိုပဲ ကားအဝင် ပိတ်ထားပြီး ကားတွေအခြားဘက်က လှည့်မောင်းရတယ်။ အဝင်ဂိတ်မှာ ရဲဟိုင်းလက်ကား (၂) စီး အဆင်သင့်ရပ်ထားပြီး ရဲတွေရော၊ ရဲမေတွေရော နေရာယူထားတယ်။ ခုံးတံတားဂိတ်ကိုတော့ လူတွေ လမ်းလျှောက်လို့ရအောင်တော့ ဖွင့်ထားပေးတယ်။ နောက် ခုံးကျော်တံတား အဆင်းမှာလည်း သံဆူးကြိုးတွေ ထပ်ချထားပြီး လူသွားလမ်းလေးပဲ ဖွင့်ထားပေးတယ်။ ဘေးမှာ ရဲတွေ အဆင်သင့်စောင့်ကြည့်နေတယ်။ ရဲကားနှစ်စီး အဆင်သင့်ရပ်ထားတယ်” ဟု ပြောသည်။

ထို့ပြင် မီးသတ်စခန်းတွင် လုံထိန်းရဲကား (၆) စီး အသင့်ရပ်ထားကာ အင်းစိန်ဈေးရှေ့မှ ထောင်ဘူးဝဘက် သွားသည့်လမ်းကို သံဆူးကြိုးများဖြင့် ပိတ်ကာထားပြီး လုံထိန်းရဲကား (၄) စီးက လူများစုနေသည့်နေရာအနီးတွင် ကပ်လျက်ရပ်ထားသည်ဟု အဆိုပါမျက်မြင်ဖြစ်သူက ပြောသည်။

“အဲဒီနေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လာအားပေးတဲ့လူတွေ အယောက် (၁ဝဝ) ဝန်းကျင်လောက် စုပြီးထိုင်နေတာ တွေ့ရတယ်။ နောက် လုံထိန်းတွေက ခါတိုင်းလို ကားပေါ်မှာ မနေဘဲ လူတွေအနား ဆယ်ပေလောက် အကွာမှာပဲ အစုလိုက် နေရာယူထားတယ်။ ကားပေါ်မှာ ဒိုင်းတွေ တင်ထားပြီး လုံထိန်း (၁) ယောက် (၂) ယောက်လောက်ပဲ ကားပေါ်မှာ စောင့်နေတယ်။ တခုခုဖြစ်တာနဲ့ လက်တကမ်းအကွာ ချက်ချင်းဖမ်းလိုက်ရုံပဲ။ အဲဒီလောက်ကို နီးတယ်” ဟု ပြောသည်။

လမ်းသွယ်များထိပ်၌လည်း သံဆူးကြိုးခုံများနှင့် ရဲများကို ခပ်စိပ်စိပ်ချထားပြီး ထောင်ဘူးဝ၏ အခြားတဖက် ပေါက်တောဝဘက် ၌လည်း လုံထိန်းရဲကားများ ချထားကြောင်း သိရသည်။

“ခြုံပြီးပြောရရင် ဒီအင်းစိန်ရှေ့ လမ်းကျဉ်းကျဉ်းလေးကို အဘက်ဘက်က ပိတ်ဆို့ထားပြီး လူ (၁ဝဝ) ကျော်လောက်ကို လုံခြုံရေး (၁,ဝဝဝ) လောက်က အထပ်ထပ် စောင့်ကြည့်နေတဲ့သဘော တွေ့ရတယ်” ဟု အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့သူ မျက်မြင်တဦးက ပြောသည်။

ယနေ့သည် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာရောက်သည့် နေ့လည်းဖြစ်သည်။
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook