ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

လွှတ်တော်အမတ် ခန့်အပ်ပေးရန်
ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို

NEJ / ၃ ဇူလိုင် ၂၀၀၉
line

 

ငြိမ်းချမ်းရေးအဖွဲ့များအတွင်းမှ သင့်တော်သူတိုင်းရင်းသားခေါင်းဆောင်များကို ရွေးချယ်ကာ တပ်မတော်အကြီးအကဲက လွှတ်တော်အမတ်အဖြစ် ခန့်အပ်ပေးရန် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့က တောင်းဆိုထားသည်။

ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးသည့် အစည်းအဝေးတွင် (NDA-K) ဥက္ကဋ္ဌ ဇခုံတိန့်ယိန်းက တင်ပြခြင်းဖြစ်သည်။

ဇွန် (၂၄) ရက်တွင် တရုတ်-မြန်မာနယ်စပ် NDA-K ဗဟိုဌာနချုပ်ရှိရာ ပန်ဝါမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးသည့် အစည်းအဝေး ကျင်းပစဉ် ဥက္ကဋ္ဌ ဦးဇခုံတိန့်ယိန်း ပြောကြားချက်အပါအဝင် အဆိုပါ အစည်းဝေးမှတ်တမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် နိုင်ငံရေးပါတီဖွဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးဆိုသည်မှာ မသေချာမရေရာပါ။ ငြိမ်းချမ်းရေးအဖွဲ့ တိုင်းရင်းသားခေါင်းဆောင်များမှ သင့်လျော်သော သူများကို လွှတ်တော်သက်တမ်း တခုအတွင်း တပ်မတော်အကြီးအကဲများက စေလွှတ်သော လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်စေခြင်းဟု ဦးဇခုန်တိန့်ယိန်း၏ တောင်းဆိုပြောကြားချက်များအား ဖော်ပြထားသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စုစုပေါင်း လွှတ်တော်အမတ်၏ (၂၅) ရာနှုန်းကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ထားမည်ဖြစ်ပြီး ငြိမ်းအဖွဲ့မှ ခေါင်းဆောင်များကိုလည်း အလားတူ ရွေးချယ်ခန့်အပ်ရန် တောင်းဆို လိုက်ခြင်းဖြစ်သည်။

ထို့အပြင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို NDA-K အဖွဲ့က လက်ခံလိုက်ပြီး ထို့သို့လုပ်ဆောင်ရန်အတွက် နအဖဘက်မှ စေလွှတ်မည့် စစ်တပ်အရာရှိများကို ဗဟိုဌာနချုပ်အဆင့်တွင် ထည့်သွင်းထားပြီး အောက်ခြေတပ်ရင်းအဆင့်များကို ညှိနှိုင်းဖွဲ့စည်းသွားရန်လည်း တောင်းဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ NDA-K အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ဖုန်းအဆက်အသွယ် မရရှိပါ။

အမည်မဖော်လိုသည့် ပန်ဝါမြို့ NDA-K တပ်ဖွဲ့ဝင်တဦးကမူ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်ခံဆွေးနွေးပွဲ ပန်ဝါဟိုတယ်တွင် လုပ်ခဲ့ကြောင်း အတည်ပြုပြောဆိုပြီး ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ခရီးထွက်သွားကြောင်းသာ ပြောသည်။

NDA-K အဖွဲ့ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းနှင့် ကချင်ကာကွယ်ရေးတပ်မတော် (KDA) ဥက္ကဋ္ဌ ဦးမထုနော်တို့နှစ်ဦးစလုံးသည် ယနေ့ မြန်မာနိုင်ငံ ရောက်ရှိလာမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ယီမွန်းနှင့်တွေ့ဆုံရန် ရှိသည်ဟူသော သတင်းများ လည်း ထွက်ပေါ်နေကြောင်း အပစ်ခတ်ရပ်အဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ နှစ်ဖွဲ့စလုံးသည့် နအဖဘက်က တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ပြည်သူ့စစ်တပ် ဖွဲ့စည်းရေးများကို မကြာသေးမီက လက်ခံသဘောတူခဲ့ကြသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook