ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကရင်အပစ်ရပ်အဖွဲ့နှစ်ဖွဲ့ ကေအန်ယူထံ လာရောက်ပူးပေါင်း
ဝီရ / ၁၀ ဇူလိုင် ၂၀၀၉
line

 

ဘုရားသုံးဆူအခြေစိုက် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) ၏ အမှတ် (၃) တပ်ရင်းမှူးအပါအဝင် အဖွဲ့ဝင်အချို့နှင့် နယ်စပ်အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထံ ပြီးခဲ့သည့်နှစ်ရက်က လာရောက် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ကေပီအက်ဖ် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါးနှင့် အဖွဲ့ဝင် (၈) ဦးတို့က ဇူလိုင် (၈) ရက် ည (၇) နာရီခွဲအချိန်၌ ဇမိချောင်းရှိ ၎င်းတို့၏ လှေဂိတ်အခွန်ဂိတ် သက်ကယ်ဂိတ်မှတဆင့် ကေအန်ယူ လက်အောက်ရှိ ကေအန်အယ်လ်အေ တပ်မဟာ (၆) သို့ လက်နက်အပြည့်အစုံဖြင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ကေအန်ယူနှင့် နီးစပ်သည့် စီးပွားရေးသမားတဦးက ပြောသည်။

ကေပီအက်ဖ်အဖွဲ့မှ ထိုသို့သွားရောက်ပူးပေါင်းပြီး နောက်တနာရီဝန်းကျင်တွင် ဒီကေဘီအေ အမှတ် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြီး အေဝမ်းအဖွဲ့မှ မဲကသာရှိ ကေအန်ယူ ကင်းစခန်းရှိရာသို့ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းက “ကေပီအက်ဖ်အဖွဲ့က ဗိုလ်လေးဝါးအဖွဲ့ ထွက်သွားပြီးနောက် (၁) နာရီလောက်မှာ ဒီကေဘီအေအဖွဲ့က ဗိုလ်ကြီး အေဝမ်း အောက်က အင်အား (၁၂) ယောက်ကလည်း (၉၀၁) တပ်ရင်း တပ်ခွဲ (၁) ကနေ ထွက်ပြေးသွားတယ်။ အဲဒါ ဗိုလ်ကြီးအေဝမ်းက သူ့လက်အောက်တပ်တွေ ထွက်ပြေးသွားတာကို လိုက်ရင်းနဲ့ ကေအန်ယူ နေ့ကင်းရှိတဲ့နေရာကို အမြောက်နဲ့ပစ်တာ၊ ကေအန်ယူဘက်က ပြန်ပစ်ခတ်တာတော့ မရှိခဲ့ဘူး။ ထွက်ပြေးသွားတဲ့ လူတွေကလည်း အခု တပ်မဟာ (၆) လက်အောက် နယ်မြေတနေရာကို ရောက်နေပြီ” ဟု ခေတ်ပြိုင်သို့ ယနေ့ ပြောကြားသည်။

ကေအန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ဒီကေဘီအေအဖွဲ့မှ (၁၀) ယောက်ကျော် အင်အားရှိသည့် အဖွဲ့က ကေအန်ယူထံ လာရောက်ပူးပေါင်းသည့် သတင်းကို အတည်ပြုပြောကြားခဲ့သော်လည်း ကေပီအက်ဖ်အဖွဲ့မှ ဒု-ဗိုလ်မှူးကြီး လေးဝါး ကေအန်ယူထံ ရောက်ရှိနေသည့်သတင်းအား တပ်မဟာ (၆) ဗျူဟာမှူးထံမှ အတည်ပြုချက် မရရှိသေးဟု ပြောသည်။

ကေပီအက်ဖ် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါးသည် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက နေပြည်တော်သို့ သွားရောက်ခဲ့သေး ကြောင်းနှင့် ကေအန်အယ်အေ တပ်မဟာ (၆) ကို နောက်ထပ် စစ်ရေးဆင်နွှဲရာတွင် နအဖစစ်အစိုးရဘက်မှ ပါဝင်ပူးပေါင်းပေးရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ကေပီအက်ဖ်အား ဖိအားပေးမှုများ ရှိနေကြောင်း အပစ်ရပ်အဖွဲ့အသိုင်းအ၀ိုင်းမှ သိရသည်။

ကေပီအက်ဖ် ခေါ် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့သည် စောသမူဟဲအဖွဲ့မှ ၁၉၉၇ ခုနှစ်က ခွဲထွက်ခဲ့ပြီး ထိုနှစ်တွင်ပင် စစ်အစိုးရထံ လက်နက်ချထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

ယခုအခါ ဘုရားသုံးဆူမြို့တဝိုက်တွင် ကျန်ရှိနေသည့် ကေပီအက်ဖ် တပ်ဖွဲ့အင်အား (၃၀) ကျော်တို့သည် ဦးဆောင်သူ မရှိသည့် အခြေအနေသို့ရောက်ရှိနေပြီး ၎င်းတို့အပေါ် နအဖတပ်ဖွဲ့က တစုံတရာ လုပ်ဆောင်လာမည်ကို စိုးရိမ်နေကြကြောင်း ကေပီအက်ဖ်အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ကျနော့်တို့အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်မှူးကြီး မရှိတော့ ဒီမှာ ဘယ်လိုဆက်သွားမလဲ မသိသေးဘူး။ စောလေးဝါးရဲ့ လက်အောက်က ဗိုလ်လေးဝင်းကလည်း အခု မုဒုံမြို့ဘက်ကို ရောက်နေတယ်။ ဒါကြောင့် နအဖဘက်က ကျနော်တို့ကို တခုခု အရေးယူတာမျိုးလုပ်မှာ ကျနော်တို့ ကြောက်နေကြတယ်။ ကျနော်တို့က အခု မလုံခြုံတော့သလို ခံစားနေရတယ်” ဟု ပြောသည်။

ဘုရားသုံးဆူဒေသတဝိုက်ရှိ ဇမိချောင်း သက်ကယ်လှေဂိတ်မှအပ ကျန်သည့် မြို့ပေါ်အခွန်ဂိတ် (၄) ခုနှင့် ချောင်းဆုံလှေဂိတ် တို့မှာ ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook