ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

နေပြည်တော်ဘူတာသစ်အနီး မြေပြိုမှုဖြစ်ပွား
မင်းနိုင်သူ / ၁၄ ဇူလိုင် ၂၀၀၉
line

 

နေပြည်တော်ဘူတာသစ်၏ ဘယ်ဘက် (၃) မိုင်ခန့်အကွာ မီးရထားသံလမ်းနံဘေးတွင် မြေပြိုမှုများဖြစ်ပွားနေကြောင်း ပျဉ်းမနားမြို့ခံတဦးက ပြောသည်။

၎င်းက “အဲဒီနားတ၀ိုက်မှာ စမ်းပေါက်တွေရှိတယ်ဗျ။ နောက်တချက်က အခုရက်ပိုင်း မိုးများတော့ သံလမ်းဘေးက မြေသားတွေ လျှောလျှောကျနေတာကို အသည်းအသန်ဖို့နေကြရတယ်” ဟု ပြောသည်။

အဆိုပါသံလမ်းဘေး မြေပြိုသဖြင့် မြေဖို့မှုလုပ်ငန်းများ လုပ်ကိုင်နေသည်မှာ ရက်သတ္တတပတ်ခန့်ရှိပြီဟု မီးရထားဝန်ထမ်းတဦးက ပြောသည်။

“စစ်သားတွေ မြေဖို့နေကြတာ တွေ့ရတယ်။ မီးရထားရုံပိုင်ကို အဲဒီအကြောင်း သတင်းသွားမေးတော့ ဘာမှမပြောနိုင်ပါဘူးလို့ ပြောတယ်။ ဘူတာသစ်ကြီးနားမှာလည်း မြေဖို့လုပ်ငန်းတွေ အခုထိလုပ်နေကြရတုန်းပဲ။ အဲဒီတကြောက နေရောင်ပြအင်းမြေတွေ အခုမှဖို့ပြီး ဆောက်ထားတာ။ ကျန်တဲ့ ဥတ္တရသီရီတို့၊ ဒဏ္ခိသီရိတို့ဆိုတဲ့ မြို့သစ်တွေကလည်း ဖို့မြေတွေပဲ” ဟု မျက်မြင်တွေ့ရှိခဲ့သူ အဆိုပါမြို့ခံက ပြောသည်။

နေပြည်တော်ဘူတာသစ်ကို ၂၀၀၆ ခုနှစ်မှ စတင်ကာ ရွာတော်ကျေးရွာအနီးတွင် အေရှားဝေါကုမ္ပဏီက ကန်ထရိုက်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုလ (၅) ရက်တွင် နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည်။

နေပြည်တော်ဘူတာသစ် တည်ရှိရာနေရာသည် စမ်းပေါက်များ များလွန်းသည့်အတွက် မြေသားထိန်းသိမ်းမှု ရေရှည်မခံနိုင် ကြောင်း၊ စမ်းသပ်မောင်းနှင်သည့် စက်ခေါင်းတွဲ (၃) တွဲ တိမ်းမှောက်ခဲ့ဖူးသည်ဟုလည်း ပျဉ်းမနားမြို့ခံဖြစ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီက ရထားလမ်းအရှည် (၁၉၆၇.၃၅) မိုင်ရှိခဲ့ရာမှ နောက်ပိုင်းတွင် ရထားလမ်းအရှည် (၁၂၆၁.၇၀) မိုင် တိုးချဲ့ဖောက်လုပ်ခဲ့သဖြင့် ယခုအခါ စုစုပေါင်း (၃၂၂၉.၀၅) မိုင် ရှိပြီဖြစ်ကြောင်းနှင့် ဘူတာပေါင်း (၈၂၁) အထိ ရှိလာပြီဖြစ်ကြောင်း နအဖအစိုးရ၏ စာရင်းများတွင် ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရက ရထားလမ်းတခု ဖောက်လုပ်ပေးခဲ့သော်လည်း အလျင်အမြန်ဖောက်လုပ်ခဲ့ခြင်းဖြစ်ရာ ယခုမိုးတွင်းတွင် သံလမ်းမြေသားပြိုမှုများ ဖြစ်နေကြောင်း စစ်တွေဒေသခံတဦးက ပြောသည်။
 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo