ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြန်မာနိုင်ငံကို တကမ္ဘာလုံးက စောင့်ကြည့်နေသည်ဟု
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတိပေး

NEJ / ၁၄ ဇူလိုင် ၂၀၀၉
line

 

မြန်မာစစ်အစိုးရသည် တိုင်းပြည်အတွက် အကောင်းဆုံးရလဒ်ကို ရွေးချယ်မည်လား သို့မဟုတ် ပြည်သူလူထု၏ဆန္ဒနှင့် နိုင်ငံတကာ၏မျှော်လင့်ချက်များကို လျစ်လျူရှု မည်လားဆိုသည်ကို ကမ္ဘာကြီးက အနီးကပ် လေ့လာစောင့်ကြည့်နေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များကို မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံတင်ပြရာတွင် မစ္စတာဘန်ကီမွန်းက ပြောကြားသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ၎င်းအနေဖြင့် ဘာတွေရလာသည်ဆိုခြင်းထက် မြန်မာအာဏာပိုင်များထံတွင် ဘာတွေပေးခဲ့သည် ဆိုသည်က ပို၍ အရေးကြီးပါသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ပေးထားသည့်ကတိအတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ၎င်းအဆိုပြု ထားခဲ့သည့်အတိုင်း လိုအပ်သည်များကို မကြာမီအချိန်အတွင်း လုပ်ဆောင်လိမ့်မည်ဟု ၎င်းနှင့်အတူ နိုင်ငံတကာအသိုင်းအ၀န်း က မျှော်လင့်ထားကြောင်း မြန်မာအစိုးရအား တင်ပြခဲ့သည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။

မြန်မာအစိုးရကို ပြောစရာရှိသည်များကို ရှင်းရှင်းလင်းလင်းတင်ပြပြီးဖြစ်သည့်အတွက် “မြန်မာ့နိုင်ငံအရေးအတွက် အပြုသဘောတုံ့ပြန် ဆုံးဖြတ်ဆောင်ရွက်ဖို့ဆိုတာဟာ မြန်မာအစိုးရခေါင်းဆောင်တွေအပေါ်မှာသာ မူတည်တယ်” ဟု ၎င်းက လုံခြုံရေးကောင်စီသို့ တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရသည် ကုလအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များကို မြန်မာပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုယ်စား မြန်မာအစိုးရကို ဆွေးနွေးအဆိုပြုခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာကိုပါ အဆိုပြုချက်များအား တုံ့ပြန်ရန်တာဝန်ရှိကြောင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး တင်ပြသွားသည်။

မစ္စတာဘန်ကီမွန်းသည် ဇူလိုင် (၃-၄) ရက်တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံအကြား ခိုင်မာသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို စစ်မှန်သည့်ရွေးကောက်ပွဲဖြစ်စေမည့် အခြေအနေများ ဖန်တီးပေးရန်ဆိုသည့် အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းခဲ့သည်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင်များက ငြင်းပယ်လိုက်သည့်အတွက် ၎င်းအနေဖြင့် အလွန်စိတ်ပျက်သွားခဲ့ရပြီး မြန်မာနိုင်ငံအတွက်လည်း အဓိကကျသည့် အခွင့်အလမ်းတခုကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီတွင် ပြောဆိုခဲ့သည်။

အကယ်၍ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခဲ့မည်ဆိုပါက မြန်မာအစိုးရသည် အပြုသဘောဆောင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လိုလားကြောင်း ပြည်တွင်းနှင့်နိုင်ငံတကာကပါ အသိအမှတ်ပြုကြမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုသို့ မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးကောင်စီဝင်များကို ရှင်းလင်းတင်ပြရာတွင် ကောင်စီအဖွဲ့ဝင်တဦးဖြစ်သည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းမှ ဖြစ်ပျက်နေမှုများသည် ပြည်တွင်းရေးကိစ္စသာဖြစ်သဖြင့် အစိုးရနှင့် မြန်မာပြည်သူများကသာ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook