ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ဒေါနတောင်ကြားတွင် မြေပြို
ကုန်စီးဆင်းမှု ရပ်တန့်

NEJ / ၁၄ ဇူလိုင် ၂၀၀၉
line

 

ဒေါနတောင်ကြောတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ လမ်းပိတ်သွားသည့်အတွက် ထိုင်း-မြန်မာ ကုန်သွယ်မှု လမ်းကြောင်း ယနေ့မှစတင်ကာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသည်။

ယခု မြေပြို၍ လမ်းပိတ်သွားသည့်နေရာသည် မြဝတီ-ကော့ကရိတ်အကြား အလယ်ဘိုတဲနှင့် ချောက်ကမ်းပါးကြားရှိ ကျောက်ညှပ်နေရာတွင်ဖြစ်ပြီး ဘားအံမှမြဝတီသို့ တရက်ခြား တက်လာသည့် ယာဉ်တန်းအစီး (၁၀၀) ခန့် ပိတ်မိလျက်ရှိသည်။

အဆိုပါနေရာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သူ မြဝတီမြို့ခံတဦးက “မြေပုံက အကြီးကြီးပဲ။ ဒီနေ့တော့ ပြီးနိုင်စရာ အကြောင်းမရှိတော့ဘူး။ ဘူဒိုဇာတွေက အခုမှလာတယ်။ မြဝတီကို လာမယ့်လူတွေကတော့ အဲဒီမှာပဲ ညအိပ်ရမယ်” ဟု ပြောသည်။

ကော့ကရိတ်-မြဝတီတောင်ပေါ်လမ်းသည် လမ်းကျဉ်းသဖြင့် ယာဉ်တန်းတရက်ခြား ပြေးဆွဲရပြီး ယခုလမ်းပိတ်ဆို့မှုကြောင့် မနက်ဖြန်တွင် မြဝတီမှကော့ကရိတ်လမ်းကြောအတိုင်း ကုန်စည်နှင့်လူများ တင်ဆောင်မည့် ကားတန်းမှာ မြဝတီမြို့တွင် စောင့်ဆိုင်းနေရပြီး လမ်းပိတ်နေသည့် အတက်ယာဉ်တန်း ရောက်ရှိမှသာ ဆင်းနိုင်မည်ဖြစ်သည်။

ကော့ကရိတ်-မြဝတီလမ်းကြော ဒေါနတောင်တန်းပေါ်တွင် မိုးရာသီကာလအတွင်း တောင်ပြို၍လမ်းပိတ်သည့်နေရာများတွင် ကျောက်ညှပ်နှင့် မိုင်တိုင်အမှတ် ၇၉/၃ မှ ၇၉/၄ ရှိ ချောက်ကမ်းပါးနေရာများမှာ နှစ်စဉ်နီးပါး မြေပြိုမှုများရှိသဖြင့် ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှု မကြာခဏ ရပ်တန့်ခဲ့ရသည့် လမ်းကြောဖြစ်သည်။

မြဝတီ-ကော့ကရိတ်လမ်းကြောတွင် ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ထိခိုက်စေမည့် အနေအထားများကို မြန်မာနှင့်ထိုင်း ကုန်သည်များ စိုးရိမ်နေကြသည်။

မြန်မာကုန်သည်တဦးက “လမ်းတံတားကြေးတွေကိုတော့ အများကြီးကောက်တယ်။ မိုးတွင်းကာလမှာ ဒီလမ်းကြောရဲ့ ကြံ့ခိုင်မှုကိုကျတော့ ဂရုစိုက်မှုနည်းတာကြောင့် အခုလိုပြဿနာတွေ ဖြစ်ရတာပါ။ ဒီလမ်းကြောတလျှောက်မှာ လမ်းတံတားဌာနက ဘူဒိုဇာတွေ၊ မြေတူးစက်တွေ အရန်သင့်ထားမယ်ဆိုရင် အခုလိုမျိုး လမ်းပိတ်ရတဲ့အနေအထားထိ ရောက်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

နယ်စပ်မြဝတီမြို့နှင့် ရန်ကုန်မြို့သည် (၂၈၆) မိုင်ကွာဝေးပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုပြုရာ၌ နေ့ချင်းပေါက် ရောက်ရှိနိုင် သည့် ခရီးဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် လမ်းကြောဖြစ်သည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo