ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ဧရာဝတီတိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်
ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်များပျက်စီး

NEJ / ၁၅ ဇူလိုင် ၂၀၀၉
line

 

ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က ဧရာဝတီတိုင်းအတွင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသခံများထံမှ သိရသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာကြီးတရွာဖြစ်သော ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်အလုံးရေ (၃၅) လုံးခန့် ပြိုသွားကြောင်း ဘိုကလေးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

“အိမ်ကတော့ (၃၅) လုံးလောက်တော့ရှိမယ်လို့ ကြားတယ်။ သေသေချာချာတော့ မသိရသေးဘူး။ ဒီသတင်းကိုလည်း ဘယ်ကိုမှ မပြောရဘူးလို့ ပြောထားပါတယ်။ အဲဒီကြိမ်ချောင်းကြီးရွာဆိုတာ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်းတိုက်တော့ တရွာလုံး ပျက်စီးသွားတဲ့ ရွာကြီးပါ။ အစိုးရကလည်း အခု ပြန်လည်ထူထောင်ရေးတွေ သေသေချာချာ လုပ်ပေးတာခံရတဲ့ ရွာလို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် ကျေးရွာခံများအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကို ခံစားရပြီးနောက် (လေ) ဆိုလျှင် ကြောက်ရွံ့နေကြကြောင်း ဘိုကလေးမြို့ခံများက ပြောသည်။

“အခုလေဆင်နှာမောင်းကြောင့် လူအချို့ ဆေးရုံကိုရောက်နေကြတယ်။ အရေအတွက်ကိုတော့ မသိရဘူး။ (၁) ယောက် သေတယ်လို့လည်း ကြားပါတယ်” ဟု ဘိုကလေးမြို့ခံတဦးက ပြောပြသည်။

“ကျနော်တို့ ဘိုကလေးမှာ ကြိမ်ချောင်းရွာက တော်တော်ကိုကြီးပါတယ်။ စီးပွားရေးတွေလည်း အရင်က တော်တော်ကောင်းကြ ပါတယ်။ နာဂစ်တိုက်ပြီးတဲ့နောက်တော့ အခြေအနေတွေ ပျက်တဲ့လူတွေ များသွားတယ်” ဟုလည်း ဘိုကလေးမြို့မှ ကျောင်းဆရာတဦးက ပြောသည်။

ယမန်နေ့က တိုက်ခဲ့သော လေဆင်နှာမောင်းလမ်းကြောင်းမှာ ငွေဆောင်ကမ်းခြေထိရောက်ခဲ့ပြီး ငွေဆောင်ရွာတွင်ရှိသည့် ရဲစခန်းနှင့် တိုက်နယ်ဆေးရုံတို့ကိုလည်း လေကြောင်းထိခဲ့ကြောင်း၊ ကမ်းခြေရှိ Sliver View ဟိုတယ်အဆောက်အအုံနှစ်ခုမှာ အမိုးအချို့လန်သွားကြောင်း ဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo