ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

မြန်မာကြက်သွန်နီ တရုတ်အ၀ယ်လိုက်
ထိုင်းဈေးကွက်တွင် ဈေးကြီး



NEJ / ၁၅ ဇူလိုင် ၂၀၀၉
line

 

ဈေးကောင်းရသည့် တရုတ်နိုင်ငံဘက်သို့ မြန်မာကြက်သွန်နီ တင်ပို့မှု မြင့်မားလာသဖြင့် ထိုင်းဈေးကွက်တွင် ကြက်သွန်နီ အ၀င်နည်း၍ ဈေးနှုန်းမြင့်တက်လာသည်ဟု ကုန်သည်များက ပြောသည်။

ယခင်က မဲဆောက်-မြ၀တီကုန်သွယ်ရေးလမ်းကြောင်းမှ တရက်ခြား မြန်မာကြက်သွန်နီ (၂၅) တန်ခန့် နည်းမျိုးစုံဖြင့် ပုံမှန်တင်သွင်းနေရာမှ ပြီးခဲ့သည့်လလယ်မှစတင်ကာ ရုတ်တရက် ဈေးနှုန်းမြင့်တက်သွားသောကြောင့် ထက်ဝက်ခန့်သာ တင်သွင်းနိုင်တော့သည်ဟု မဲဆောက်မြို့မှ ထိုင်းကြက်သွန်ပွဲရုံပိုင်ရှင်တဦးက ပြောသည်။

မြန်မာကြက်သွန်နီကုန်သည်တဦးက “အခုကြက်သွန်နီဈေးကောင်းတော့ မြန်မာကုန်သည်တွေအတွက် တွက်ခြေကိုက်တယ်။ ထိုင်းဝယ်လက်ကလည်း နပ်တယ်။ ကြက်သွန်ကို ပုံမှန်သွင်းတာထက် တ၀က်ပဲဝယ်တော့တယ်” ဟု ပြောသည်။

ထိုင်းဘက်သို့တင်သွင်းသည့် ကြက်သွန်နီများမှာ ဆိပ်ဖြူ၊ မြင်းခြံ၊ မလှိုင်၊ ပျော်ဘွယ်နှင့် တောင်သာဒေသများမှ ထွက်သည့် ကြက်သွန်များဖြစ်ပြီး လက်ရှိ ရန်ကုန်ပွဲရုံပေါက်ဈေးမှာ တပိဿာ (၅၅၀) မှ (၇၅၀) ကျပ်အထိဖြစ်ပြီး ယခင်လဆန်းက ဈေးနှုန်းမှာ ကျပ် (၅၀၀) ခန့်သာဖြစ်သည်။

ယခုကဲ့သို့ ကြက်သွန်များဈေးတက်သွားခြင်းမှာ ပြည်ပငွေလဲနှုန်း သိသာစွာမြင့်တက်လာသဖြင့် ကြက်သွန်ကုန်သည်များက ၀ယ်အားကောင်းသည့် အဓိက တရုတ်အပါအ၀င် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်တို့သို့ အများအပြားတင်ပို့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဈေးကွက် မဲဆောက်တွင် ယခင်လက ကြက်သွန်နီ (၁) ကီလိုလျှင် ထိုင်းဘတ် (၂၀) သာရှိခဲ့ပြီး ယခုအခါ (၁) ကီလိုပေါက်ဈေးမှာ ဘတ် (၃၀) ဖြစ်သည်။

ထိုင်းကြက်သွန်ကုန်သည်တဦးက “ဈေးတက်ပေမယ့် သူလည်း အဓိကစားသုံးကုန်တခုဆိုတော့ လုံးဝမ၀ယ်လိုတော့မရဘူး။ ဒါကြောင့် လျှော့ပြီး ၀ယ်ရတာဖြစ်တယ်။ မြန်မာကြက်သွန်နီက အသုံးများတဲ့အတွက် ထိုင်းနိုင်ငံမှာ ဈေးကွက်ကြီးတခု ရထားတယ်” ဟု ပြောသည်။

ကြက်သွန်နီကဲ့သို့ အလားတူ မြန်မာကြက်သွန်ဖြူမှာလည်း ထိုင်းနိုင်ငံဈေးကွက်အတွင်း ၀င်ရောက်မှုမရှိတော့သဖြင့် ယခင်လက (၁) ကီလို ဘတ် (၃၀) သာရှိသည့် ကြက်သွန်မှာ လက်ရှိပေါက်ဈေး ဘတ် (၆၀) အထိ ဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်လျက်ရှိပြီး တရုတ်ကြက်သွန်ဖြူများဖြင့် အစားထိုးသုံးစွဲလျက်ရှိသည်။

မြန်မာနိုင်ငံမှ အရည်အသွေးကောင်းသည့် မြစ်သားကြက်သွန်မှာ ဈေးနှုန်းပိုမိုရရှိသောကြောင့် တရုတ်ဈေးကွက်သို့ တင်သွင်းခြင်းဖြစ်သည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo