ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

နယ်ခြားစောင့်တပ်အသွင် ကေအိုင်အိုလက်မခံ
ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့အဖြစ် ပြောင်းရန်ဆန္ဒရှိ

NEJ / ၁၆ ဇူလိုင် ၂၀၀၉
line

 

နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စကိုလက်မခံဘဲ မိမိစစ်သားများနှင့်သာ ဖွဲ့စည်းမည့် ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့အဖြစ် ပြောင်းပြီး နောင် ကချင်ပြည်နယ် အစိုးရအဖွဲ့သစ်တွင် အာဏာရယူလိုကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ပြောကြားလိုက်သည်။

ယခုလ (၈) ရက်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကေအိုင်အိုအဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ရှစ်ဦးပါ ဗဟိုကော်မတီအဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ တွေ့ဆုံပွဲတွင် ကေအိုင်အိုအဖွဲ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲ မှတ်တမ်းအချက်အလက်များအရ ၂ဝ၁ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာသည့် အစိုးရသစ် လက်သို့ တပ်မတော်အစိုးရ အာဏာလွှဲပြောင်းပေးသည့်အချိန်တွင် ကချင်ပြည်နယ်အစိုးရ အာဏာသုံးရပ် မိမိတို့ ကေအိုင်အိုမှ တိုက်ရိုက်ပါဝင်နိုင်ရေးကို စီစဉ်ဆောင်ရွက်ထားပေးပါရန် မေတ္တာရပ်ခံ တင်ပြထားကြောင်းလည်း သိရသည်။

အဆိုပါ အစည်းဝေးမှတ်တမ်းတွင် နယ်ခြားစောင့်တပ် (Border Guard Force) အဖြစ် မဟုတ်ဘဲ ကချင်ဒေသ လုံခြုံရေးတပ် (Kachin Regional Guard Force) (KRGF) ဟု အမည်မှည့်ခေါ်ကာ လက်ရှိ ကေအိုင်အေ တည်ရှိနေသော အနေအထားအတိုင်း ထားရှိသွားရန် ဆန္ဒရှိပါကြောင်း တင်ပြဆွေးနွေးလိုပါသည်ဟု ဖော်ပြထားသည်။

ကေအိုင်အိုမှ ဖွဲ့စည်းလိုသည့် (KRGF) အဖွဲ့တွင် ကေအိုင်အေမှ အရာရှိ၊ စစ်သည်များဖြင့်သာလျှင် ပြင်ဆင်ဖွဲ့စည်းသွား လိုပါကြောင်း တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဧပြီ (၂၈) ရက်၌ နအဖက ကေအိုင်အိုအဖွဲ့အပါအဝင် ငြိမ်းအဖွဲ့များကို အင်အားလျှော့ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ပြောဆိုခဲ့ပြီးနောက် ကေအိုင်အိုအဖွဲ့နှင့် မပခ အကြား အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခုနောက်ဆုံး တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကချင်ငြိမ်းအဖွဲ့တခုဖြစ်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော်ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို ဇွန် (၂၄) ရက်တွင် လက်ခံလိုက်ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲဝင်စရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ပေး သည့် လွှတ်တော်အမတ်အဖြစ် ငြိမ်းအဖွဲ့ခေါင်းဆောင်များထဲမှ ရွေးချယ်ခန့်အပ်ရန် တောင်းဆိုထားသည်။

ယခုတောင်းဆိုမှုများနှင့် ပတ်သက်၍ နအဖဘက်က မည်သို့တုံ့ပြန်ပြောဆိုခဲ့သည်ကို မသိရှိရသေးဘဲ ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းအဆက်သွယ် မရရှိပါ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo