ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြန်မာနိုင်ငံတွင် တတိယမြောက် A(H1N1) တုပ်ကွေးဖြစ်သူ တွေ့ရှိ
NEJ / ၁၆ ဇူလိုင် ၂၀၀၉
line

 

မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါဝေဒနာရှင်တဦး ထပ်မံတွေ့ရှိကြောင်း မြန်မာအစိုးရက ယနေ့ထုတ်သတင်းစာတွင် ကြေညာသည်။

အဆိုပါ တတိယမြောက် A(H1N1) တုပ်ကွေးဝေဒနာရှင်မှာ အသက် (၅၁) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ (၁၂) ရက်၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Airway  လေကြောင်းခရီးစဉ် TG 305 ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သူတဦးဖြစ်ကြောင်း သိရသည်။

ပြန်ရောက်ရှိစဉ် အဖျားမရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေ့စဉ် သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ ဇူလိုင် (၁၄) ရက်နေ့တွင် အဖျားရှိခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေခြင်း လက္ခဏာများကြောင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးကို ပြောင်းပေးခဲ့ပြီး ၎င်းအား  သီးသန့်လူနာခန်းတွင်ထား၍ ဓာတ်ခွဲစမ်းသပ်ရာ New Influenza  A (H1N1) ရှိသည်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက လူနာနှင့်ထိတွေ့ခဲ့သော မိသားစုဝင် (၉) ဦး၊ လူနာ၏ယာဉ်ကိုမောင်းသော မိသားစုနှင့် လူနာနှင့်အတူ လိုက်ပါလာသော လေယာဉ်စီးခရီးသည် နိုင်ငံခြားသား (၁၃၆) ဦး၊ နိုင်ငံသား (၈၄) ဦးတို့ကို စောင့်ကြည့်နေ ကြောင်း သိရသည်။

ကမ္ဘာ့လူတုပ်ကွေးရောဂါသည် တကမ္ဘာလုံးတွင် လူပေါင်း (၁) သိန်းကျော်ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှု များပြားနေကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုမရှိစေရန် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကို စနစ်တကျဆောင်ရွက်နေကြောင်း၊ ယင်းအတွက် ယခုအချိန်ထိ ရောဂါဖြစ်ပွားသူ (၃) ဦးသာ ရှိသေးကြောင်း၊ ၎င်းတို့မှာလည်း ပြည်ပမှကူးစက်လာသူများသာဖြစ်ကြောင်း၊ ပြည်တွင်းတွင် ကူးစက်မှု လုံးဝ မရှိသေးကြောင်း အစိုးရသတင်းစာတွင်  ရေးသားထားသည်။

“ပြောတာတော့ ပါးစပ်ရှိရင် ပြောလို့ရတာပဲ။ ထိုင်းနိုင်ငံကိုတောင် ရောဂါကူးစက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားသေးတာပဲ။ ပြီးတော့ ဒီရောဂါဟာ တကမ္ဘာလုံးမှာဖြစ်နေတာပဲ။ လူက လူကို ကူးစက်တာ။ တနိုင်ငံနဲ့ တနိုင်ငံကို ကူးလူးသွားလာကြတဲ့အခါ ရောဂါပြန့်တာပဲ။ သတင်းစာက ပြောတာက ပြည်တွင်းမှာ မဖြစ်သေးဘူး။ ပြည် ပက ကူးလာတာ ဆိုပြီးတော့ပဲ ပြောနေတယ်”  ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook