ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

တရုတ်-မြန်မာနယ်စပ် မှောင်ခိုကုန်သွယ်ရေး ဆက်လက်ရှိနေ
NEJ / ၁၆ ဇူလိုင် ၂၀၀၉
line

 

ဇူလိုင် (၁၁) ရက်နေ့၌ တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကို လာရောက်သွားသည့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက ပုံမှန်ကုန်သွယ်ရေးကို တရားဝင်ခွင့်ပြုထားပြီဖြစ်၍ မှောင်ခိုကုန်သွယ်မှု မရှိသင့်တော့ကြောင်း ပြောဆိုခဲ့မှုအပေါ် ကုန်သည်များအကြား ပျက်ရယ်ပြုနေကြသည်။

မည်သည့်လူကြီးလာလာ နယ်စပ်တရားဝင်ကုန်သွယ်ရေးကို ပိုမိုတိုးတက်အောင် လုပ်ရန်ပြောပြီး မှောင်ခိုကုန်သွယ်ရေးကို တားဆီးသွားရေးအတွက် ကြိမ်ဖန်များစွာ ပြောနေခဲ့သော်လည်း အာဏာပိုင်များနှင့် ဝန်ထမ်းများက ကုန်သည်များအပေါ် ထောက်ထားညှာတာမှုမရှိ၍ မှောင်ခိုကုန်သွယ်ရေး ဖြစ်လာရသည်ကို မသိရှိသယောင် မျက်ကွယ်ပြုနေသည်ဟု သွင်းကုန်လုပ်ငန်းရှင် ကုန်သည်ကြီးတဦးက ဝေဖန်သည်။

၎င်းက “မှောင်ခိုကုန်သွယ်ရေး ပပျောက်ရေးကိစ္စက အပ်ကြောင်းထပ်နေပြီ။ လိုင်စင်ရဖို့အတွက် နေပြည်တော်အထိ သွားလျှောက်ရတယ်။ တပတ်လောက်ကြာတယ်။ ကုန်ပစ္စည်းအသစ်ဆိုရင် တလလောက်အထိ ကြာတယ်။ Data base ထဲမှာ မပါတဲ့ ကုန်ပစ္စည်းမို့လို့၊ ပစ္စည်းဈေးနှုန်းတွေ သူတို့ဆီမှာ မရှိလို့ စုံစမ်းပြီးတဲ့အထိ စောင့်နေရတာ။ အဲလိုဆိုတော့ အချိန်တွေ ကြာပြီး ဈေးကွက်ရဲ့ တောင်းဆိုချက်အရ မြန်မြန်သွက်သွက် လုပ်ရတော့ မှောင်ခိုသွားနေရတာပါ” ဟု ပြောသည်။

ထိုက်သင့်သော အခွန်အခများပေးပြီး ကုန်ပစ္စည်းများကို လွယ်လင့်တကူ ရောင်းဝယ်တတ်လာစေရန် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကုန်သွယ်ရေးဇုန်ဝန်ထမ်းများက ဝိုင်းဝန်းထိန်းသိမ်း ပညာပေးကြရန် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ပြောဆိုချက်နှင့်ပတ်သက်၍ ကုန်သွယ်ရေးကို ဖျက်ဆီးနေသည်မှာ အာဏာပိုင်များသာဖြစ်ကြောင်း အဆိုပါကုန်သည်က ပြောသည်။

“နေပြည်တော်က တိုက်ရိုက်လုပ်တဲ့လိုင်စင်တွေရှိတယ်။ ရမခတိုင်းမှူးရဲ့ လက်မှတ်နဲ့ လုပ်တာတွေရှိတယ်။ အဲဒါတွေကို ကုန်သွယ်ရေးဇုန်မှာ အဖြစ်သဘောလောက်ပဲ စစ်တယ်။ ကုန်သွယ်ရေးဇုန် တာဝန်ခံတွေလည်း အဲလိုမျိုးဆို မထိရဲဘူး။ မကိုက်ညီတာတွေ လုပ်လာမှန်းလည်း သိတယ်။ တောင်းစရာတောင် မလိုဘူး၊ ပေးတာယူပြီး ငြိမ်နေလိုက်တယ်။ အဲဒီအပေါ်မှာ အခြားကုန်သည်တွေလည်း သိလာတော့ လိုက်လုပ်လာတယ်။ ကာစတန်တွေ တဖွဲ့လုံးဖြုတ်ခဲ့သေးတာပဲ။ ပျောက်သွားတာမှ မဟုတ်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။

မကြာသေးမီနှစ်ပိုင်းက ကျန်းမာရေးနှင့် အသက်အရွယ်အရ စစ်တပ်မှ အနားယူခွင့်ပေးခံထားရသည့် ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများ၊ ဗိုလ်ကြီးများ အယောက် (၄ဝ) ခန့် မူဆယ်တွင် ရောက်ရှိနေပြီး ငွေကြေးရှင်များက အရင်းအနှီးစိုက်ထုတ်ပေးကာ ကုန်သွယ်ရေးလုပ်ငန်းတွင် မမှန်ကန်သည့် နည်းလမ်းများဖြင့် အကျိုးတူလုပ်ကိုင်နေကြသည်ဟု ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo