ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

A(H1N1) ကျန်းမာရေးသတိရှိရန် မဲဆောက်တွင် နှိုးဆော်
NEJ / ၁၆ ဇူလိုင် ၂၀၀၉
line

 

ထိုင်း-မြန်မာနယ်စပ် ရှိ မဲဆောက်ဆေးရုံတွင် A(H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ ဖြစ်ပွားသူ (၃) ဦး ဆေးဝါးကုသမှု ခံယူခဲ့သည်ကို မဲဆောက်ဆေးရုံမှ အတည်ပြုပြောကြားခဲ့ပြီး ဒေသတွင်းရှိ ထိုင်းနှင့်မြန်မာနိုင်ငံသားများအား လူတုပ်ကွေးနှင့် ပတ်သက်၍ ကျန်းမားရေး သတိအမြဲရှိရန် နှိုးဆော်ထားသည်။

မဲဆောက်ဆေးရုံမှ ဆရာဝန်တဦးက “ကျနော်တို့ဆီမှာ လူတုပ်ကွေးဖြစ်တဲ့လူ (၃) ဦး ဆေးဝါးကုသမှု ခံယူခဲ့ပါတယ်။ အခုတော့ ရောဂါပျောက်လို့ ဆေးရုံက ဆင်းသွားပါပြီ” ဟု မဲဆောက်အခြေစိုက် STV ရုပ်သံလှိုင်းသို့ ယမန်နေ့က ပြောကြားသည်။

ရောဂါဖြစ်ပွားမှုများ မရှိရန်အတွက် ဒေသတွင်းရှိ ထိုင်းနှင့်မြန်မာနိုင်ငံသားများသည် ဖျားနာမှုများရှိပြီး ထူးခြားသည့်လက္ခဏာ များတွေ့ရှိပါက သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများတွင် ချက်ချင်းသွားရောက်ပြသရန် ၎င်းဆရာဝန်က သတိပေးပြောကြားသည်။

မဲဆောက်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့သည့် A(H1N1) ရောဂါဖြစ်ပွားသူ (၃) ဦးမှာ မဲဆောက်ဒေသအတွင်းမှ လူများမဟုတ်ဘဲ ချင်းမိုင်နှင့် ဘန်ကောက်မှ လာရောက်ကြသည့် ဧည့်သည်များ ဖြစ်ကြသည်ဟု သိရှိရသည်။

မဲဆောက်ဒေသအတွင်း စက်ရုံများတွင် မြန်မာအလုပ်သမား (၁) သိန်းခွဲခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ကျန်းမာရေးအဖွဲ့စည်းများကလည်း လူတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ပညာပေးမှုများ လိုက်လံဆောင်ရွက်လျက်သည်။

မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်းတွင် A(H1N1) ရောဂါနှင့် ပတ်သက်၍ ဆေးဝါးကုသမှု လာရောက်ခံ ယူသူ မရှိသေးကြောင်း ဆေးခန်းမှ ဆေးမှူး ဆရာ စောထိုက်ထိုက်က ပြောသည်။

၎င်းက “ကျနော်တို့ ဆေးခန်းမှာတော့ တယောက်မှ မတွေ့သေးဘူး။ အများစု လာတာကတော့ သာမန် နှာစေး၊ ချောင်းဆိုးတာတွေ၊ ငှက်ဖျား ၀မ်းရောဂါလောက်ပဲ ရှိတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ သံသယဖြစ်စရာ လူနာတွေ ရှိမယ်ဆိုရင် မဲဆောက်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မက္ကဆီကို နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် A(H1N1) တုပ်ကွေးကူးစက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူပေါင်း (၁) သိန်းကျော်တွင် ဖြစ်ပွားနေပြီး (၆၀၀) ကျော်သေခဲ့ကြောင်း ECDC အစီရင်ခံစာတွင် ဖော်ပြသည်။

ဇူလိုင်လ (၁၀) ရက်နေ့အထိ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းအရ ထိုင်းနိုင်ငံတွင် အဆိုပါ A(H1N1) တုပ်ကွေးကြောင့် သေဆုံးသူ (၁၅) ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo