ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ထိုင်းနယ်မြေအတွင်း ၀ှက်ထားသည့် လက်နက်များတွေ့ရှိ


NEJ / ၁၇ ဇူလိုင် ၂၀၀၉
line

 

ထိုင်းနယ်စပ်တွင် ယမန်နေ့က သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) ၏ ပစ္စည်းများ ဖြစ်နိုင်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ် မဲ့ဖလူးရွာအနီး မြေကြီးထဲ၌ ၀ှက်ထားသည့် လက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်မှ ယမန်နေ့က တွေ့ရှိသိမ်းဆည်းခဲ့သည်။

မဲဆောက်အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့က “ဒီလက်နက်တွေဟာ အရင်လက ဖြစ်ပွားခဲ့တဲ့ ထိုးစစ်ကြောင့် ကေအန်အယ်လ်အေ တပ်တွေ ဆုတ်ခွာလာချိန်မှာ ၀ှက်ထားတဲ့ လက်နက်တွေ ဖြစ်နိုင်တယ်။ ဒီလက်နက်တွေ မသမာသူတွေရဲ့လက်ထဲရောက်သွားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကမူ ၎င်းပစ္စည်းများနှင့်ပတ်သက်၍ ငြင်းဆိုလိုက်သည်။

အဖွဲ့၏တွဲဖက်အတွင်းရေးမှူး (၁) ဗဒိုစောလှငွေက “ထိုင်းနယ်ထဲမှာ ကျနော်တို့ ဘာလက်နက်မှ လာထားတာမရှိဘူး။ အခုတွေ့တဲ့ ပစ္စည်းတွေဟာ လက်နက်ကုန်ကူးသူတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်” ဟု ပြောသည်။

လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည့် မဲ့ဖလူးရွာနှင့်မျက်နှာချင်းဆိုင် သောင်းရင်းမြစ်တဖက်ကမ်းတွင် ကေအန်အယ်လ်အေ တပ်မဟာ (၇) အခြေစိုက်ရာ တပ်စခန်းနေရာရှိပြီး ယင်းနေရာကို နအဖနှင့် ဒီကေဘီကေတပ်များက ပြီးခဲ့သည့်လအတွင်းတွင် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။

ယခုသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို မဲဆောက်မြို့၏မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာအဝေးရှိ မဲ့ဖလူးရွာအနီးတွင် မြေအောက်၌ စနစ်တကျ ကွန်ကရစ်ကန်ပြုလုပ်ကာ သိမ်းဆည်းထားခြင်းဖြစ်သည်။

အဆိုပါလက်နက်များမှာ နောက်ပွင့် လက်နက်ကြီး (၁) လက်၊ စစ်သေနတ်မျိုးကွဲ (၂) လက်၊ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၄) လက်နှင့်ကျည်များ၊ ၆၀-မမ မော်တာ ကျည်ဆန်များ၊ ဒေသလုပ်မြေမြှုပ်မိုင်းများနှင့် အခြားဆက်စပ်ပစ္စည်းတို့ ပါဝင်သည်။

ပြီးခဲ့သည့်လအတွင်း နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များက ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ခဲ့ သဖြင့် ကရင်ရွာသား စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းနိုင်ငံဘက်မှ လူသားချင်းစာနာမှုအရ ယာယီလက်ခံ စောင့်ရှောက်ထားသည်။

ထိုသို့လက်ခံထားသော်လည်း မြန်မာစစ်တပ်၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေတို့မှ တပ်ဖွဲ့ဝင်များသည် လက်နက်ခဲ ယမ်းများကိုင်ဆောင်၍ ထိုင်းနယ်မြေအတွင်း ၀င်ရောက်သွားလာလှုပ်ရှားမှုများကို လုံးဝကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရသည်။
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook