ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြစ်ကြီးနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်သူ များပြား
NEJ / ၂၃ ဇူလိုင် ၂၀၀၉
line

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကလေးသူငယ်များသာမကပဲ ဆယ်ကျော်သက်လူငယ်များပါ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေပြီး အသက်ဆုံးပါးမှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် တပတ်ခန့်မှစ၍ မြစ်ကြီးနားဆေးရုံကြီးနှင့် ပြင်ပဆေးခန်းများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည့် ကလေးသူငယ် အများအပြား ကုသမှုခံယူနေရပြီး နေရာမဆန့်အောင်ထိ လူနာများပြားနေကြောင်း မြစ်ကြီနားမြို့ခံတဦးက ပြောသည်။

၎င်းက “အခုက (၁၅)၊ (၁၆) နှစ် အရွယ်တွေတောင် ဖြစ်နေတာ။ ဆေးရုံရော အပြင်ဆေးခန်းတွေမှာပါ သွေးလွန်တုပ်ကွေးကြောင့် ရောက်နေတဲ့သူတွေ အများကြီးပဲ။ သေဆုံးမှုဆိုတာက ကျနော်သိတာ ပြီးခဲ့တဲ့ရက်ပိုင်းက အေးမြသာယာမှာ (၂) ယောက်၊ ခေမာသီရိ ရပ်ကွက်မှာ (၂) ယောက် ကလေးတွေချည်းပဲ။ ကျန်တဲ့နေရာမှာလည်း ဆုံးပါးမှုတွေ ရှိနေတယ်လို့ ကြားနေရတယ်။ နယ်ဘက်ကျတော့ တချို့က ဆေးမီးတိုနဲ့ ကုရင်းနဲ့ ဆုံးပါးရတယ်။ ဘယ်လောက် သေတယ်ဆိုတာ စာရင်းဇယား တိတိကျကျရှိတာ မဟုတ်ဘူး” ဟု ပြောသည်။

နှာခေါင်းမှ သွေးယိုကျခြင်း၊ သွေးပေါင်ကျခြင်းနှင့် ကိုယ်ပူတက်ခြင်း လက္ခဏာများဖြစ်ကာ ဆေးကုသမှု မခံယူနိုင်သည့် ကလေးများအနေဖြင့် ရက်ပိုင်းအတွင်း သေဆုံးနေရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

“မြစ်ကြီးနားမှာက ခြင်တွေက ဆယ့်နှစ်ရာသီပေါနေတာ၊ ရေမြောင်းတွေက ပိတ်ဆို့နေတာ၊ ရပ်ကွက်သန့်ရှင်ရေးတွေလည်း မလုပ်နိုင်တာကြာပြီ။ ဆေးဖြန်းတာတွေ ဘာဆို ဘာမှမရှိဘူး။ အခုလိုဖြစ်နေလို့ ကျန်းမာရေးဌာနက ပညာပေး ဟောပြောတာ၊ စာရွက်ဝေတာ၊ အသိပေးစာကပ်တာ ဘာမှမရှိဘူး” ဟု ၎င်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနား ပြည်နယ်ဆေးရုံကြီးသို့ ဖုန်းဆက်သွယ်၍ မရရှိပါ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook