ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းအနီး ပစ္စည်းယူ လူသတ်မှု ဖြစ်ပွား
NEJ/၁၆ ဇူလိုင် ၂၀၀၈
line

 

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၈) ရပ်ကွက် လှည်းတန်းလမ်း တိုက်နံပါတ် (၁၀၃) အခန်း (A) မြေညီထပ်တွင် ပစ္စည်းယူ လူသတ်မှုတခု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာမှာ ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းအနီးရှိ ရွှေမူဆယ် အပ်ချုပ်လုပ်ငန်းနှင့် အထည်အလိပ် လက်လီလက္ကား အရောင်းဆိုင်တွင်ဖြစ်ပြီး သေဆုံးသူမှာ ဆိုင်ပိုင်ရှင် ဒေါ်လှမြင့် အသက် (၅၆) နှစ်ဖြစ်သည်။

ယခုလ (၁၄) ရက် နံနက် (၉) နာရီခန့်တွင် ဆိုင်အလုပ်သမားများက ဆိုင်ကိုလာသည့်အခါ ဆိုင်မဖွင့်သေးဘဲ ရှိနေသည့်အတွက် အတွင်းသို့ ၀င်ရန် ဆိုင်အနီးအနားရှိ လူများကို ခေါ်၍ ဖွင့်ခဲ့ရာတွင် ဒေါ်လှမြင့်ကို လက်နောက်ပြန် ကြိုးတုတ်ကာ ပါးစပ်တွင် အ၀တ်စည်း နှောင်ရက် သားဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ဆိုင်အနီးနားမှ မျက်မြင်တဦးက ပြောသည်။

တရုတ်လုပ် ဗီစီဒီစက်တလုံး၊ ငွေ (၁) သိန်း၊ ဆွဲကြိုး (၁) ကျပ်သား တကုံး၊ အ၀တ်အထည်များ ပျောက်ဆုံးသွားကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတဦးက ထွက်ဆိုကြောင်း ရဲက စစ်ချက်ရရှိသည်ဟု ကမာရွတ်ရဲစခန်းမှ အမှုလိုက် ဒု- ရဲအုပ်ဖြစ်သူက ပြောသည်။

အဆိုပါအခန်းတွင် ဒေါ်လှမြင့်သည် တယောက်တည်း အိပ်ကြောင်း၊ အမှုကို (ပ) ၁၅၄/ ၂၀၀၈ ပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ တရားခံကို ယခုထိ သဲလွန်စ မရသေးကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်အနီး နေထိုင်သူတဦးက “သေမှုသေခင်း ဖြစ်တဲ့နေရာဟာ လူစည်ကား ရာ လှည်းတန်းလမ်းမ ဖြစ်ပြီး လှည့်ကင်းတွေ ညစဉ်ကင်းလှည့်နေတဲ့ နေရာလေ။ တိုက်ခန်းကို လူဝင်သတ်ဖြတ်သွားတဲ့ကိစ္စက အတွင်းလူ ဒါမှမဟုတ် ရပ်ကွက်က အာဏာပိုင်အချို့ ပါဝင်နိုင်
တယ်” ဟု ပြောသည်။

လူသတ်မှု ဖြစ်ပွားရာနေရာမှာ လှည်းတန်းကျောင်းရှေ့မှတ်တိုင် အရှေ့နားတွင် ရှိပြီး ရဲစခန်းနှင့် ဘတ်စ်ကားမှတ်တိုင် တမှတ်တိုင်အကွာခန့်သာ ဝေးသည် ရန်ကုန်မြို့တွင် မုန်တိုင်းမတိုက်မီ ကတည်းက စားဝတ်နေရေး ကျပ်တည်းမှု၊ ငွေဖောင်းပွမှု စသည်တို့ကြောင့် ရာဇ၀တ်မှုများ မကြုံစဘူး များနေရာ မုန်တိုင်းလွန်ကာလတွင် ယခုကဲ့သို့ လူသတ်မှုများပါ တိုးလာခြင်းဖြစ်သည်။

မကြာခင်ကလည်း ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းရွာတွင် ဘဲဥ အလုံး (၅၀) အတွက် ဓားပြ တိုက်သွားသည်မှာ ပြည်သူများ မုန်တိုင်းလွန်ကာလ စားဝတ်နေရေး ကျပ်တည်းမှုကို ပြနေ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ (၃) ရက် ညပိုင်း၌လည်း အဆိုပါ မာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက် စိမ်းလဲ့ ကန်သာလမ်းတွင် နေထိုင်သူ ဦးချာလီ၊ ဒေါ်စန်းစန်းမြင့်၊  သမီးတူမများဖြစ်သည့် မမြစန္ဒာ၊ မနှင်း ပွင့်အေးနှင့် အိမ်ဖော် မအယ်ဖောတို့ (၅) ဦးအား ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ယခုတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

နေပြည်တော် ပြည်ထဲရေး ရဲအရာရှိတဦးက အဆိုပါ (၅) လောင်းပြိုင် လူသတ်မှုကို ပြီးခဲ့သည့် မေလ နောက်ဆုံးထား ဖော်ထုတ်မည်ဟု ပြောကြားခဲ့ဖူးသည်။         ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo