ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အတွင်းဝန်များရုံး ယိုယွင်းပျက်စီးနေ
NEJ / ၃၁ ဇူလိုင် ၂၀၀၇
line

 

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင် အဆောက်အဦ လည်းဖြစ် ကိုလိုနီခေတ် ခေတ်ဟောင်းလက်ရာလည်းဖြစ်သည့် အတွင်းဝန်များရုံးခေါ် ၀န်ကြီးများ ရုံးသည် ပြုပြင်ထိန်းသိမ်းမှုမရှိသောကြောင့် ယိုယွင်းပျက်စီးနေသည်ဟု သိရသည်။

officeအဆိုပါ ၀န်ကြီးများရုံးတွင် တာဝန်ကျနေသည့် လုံခြုံရေးဝန်ထမ်းတဦးက “ဗိုလ်ချုပ်လမ်းဘက်က အဆောင်တွေကတော့ လုံးဝပျက်စီးနေပြီ။ နေရာအတော်များများမှာ ညောင်ပင်တွေတောင် ပေါက်နေပြီး မကြာမီ ပြိုကျနိုင်တယ်။ ပင်မ အဆောက်အဦကတော့ အတွင်းထဲမှာ နေရာ အတော်များများမှာ မိုးယိုနေတယ်။ ပြုပြင်ထိန်း သိမ်းတာမျိုးတော့ ဘယ်သူမှ လာလုပ်ကြတာ မတွေ့ရဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရ ၀န်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းမပြုမီ အချိန်အထိ ရုံးခန်းအဖြစ် အသုံးပြုခဲ့သည့် အခန်းများမှ လေအေးစက် အပါအ၀င် ပစ္စည်းများ ဖြုတ်ယူသွားသောကြောင့် နံရံများတွင် အပေါက်များစွာကျန်ခဲ့ကြောင်း၊ ဟောင်းနွမ်းကျိုးပဲ့နေသည့် ပရိဘောဂများလည်း ဖရိုဖရဲကျန်ခဲ့ပြီး မည်သူမှ ရှင်းလင်းဖယ်ရှားမှုမလုပ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုမရှိသော အလွန်
ကျယ်ပြန့်သည့် ရုံးအဆောက်အဦကြီးတွင် သန့်ရှင်းရေးဝန်ထမ်းအနည်းငယ်က အဆောက်အဦ
ပြင်ပ၀င်းခြံတွင်း အမှိုက်သိမ်း၊ သစ်ရွက်ရှင်းမျှသာ နေ့စဉ်လုပ်ကြကြောင်း အဆိုပါလုံခြုံရေး
ဝန်ထမ်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် ထိန်းသိမ်းရမည့် ရှေးဟောင်း အမွေအနှစ်အဆောက်အဦများစာရင်းတွင် အဆိုပါဝန်ကြီးများရုံး (အတွင်းဝန်များရုံး) လည်း တခု အပါအ၀င်ဖြစ်သည်။

ဗြိတိသျှလူမျိုးများ ဆောက်လုပ်ခဲ့သည့် ၁၈၅၂ ခု အင်္ဂလိပ်ကိုလိုနီခေတ်လက်ရာ ထင်ရှားသည့် အဆောက်အဦများဖြစ်သည့် ရန်ကုန်ဆေးရုံကြီး၊ အကောက်ခွန်ရုံး၊ ဗဟိုတရားရုံး စသည့် အဆောက် အဦများအနက် အတွင်းဝန်များရုံးသည် အထင်အရှား အဓိကသမိုင်းဝင် ဖြစ်သည်။

အဆိုပါအတွင်းဝန်များရုံးသည် ၁၉၄၇ ခု ဇူလိုင် (၁၉) ရက်တွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့်ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံရသည့် သမိုင်းဝင်နေရာဖြစ်သည်။

ရန်ကုန်မြို့မှ အပတ်စဉ်ထုတ် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာတဦးက “အမျိုးသားအာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သွားတဲ့၊  လုပ်ကြံခံရတဲ့ သမိုင်းဝင်နေရာကို အစိုးရအနေနဲ့ ထိပ်ဆုံးကထား ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။ သမိုင်းဝင်နေရာကို ပြည်သူတွေရဲ့ မြင်ကွင်းကနေ ဖျောက်ဖျက်ဖယ်ရှားလိုတဲ့သဘောဆိုရင်တော့ မကောင်းပါဘူး” ဟု ပြောသည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook