ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - -ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ ငြင်းဆို မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ (သတင်းသုံးသပ်ချက်) ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း
 


quote
 
 

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖွဲ့ချုပ်ရုံးတွင် ဆွမ်းကပ်လှူခွင့်မရ
NEJ/ ၁၉ ဇွန် ၂၀၀၈
line

 

dassk
မဲဆောက်တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားမှ နံရံကပ် ပိုစတာများ

နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံနေရသည့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ သံဃာတော်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နေ့ဆွမ်းဆက်ကပ်ရန် အစီအစဉ်ကို အာဏာပိုင်များက ခွင့်မပြုသဖြင့် မလုပ်ဖြစ်တော့ကြောင်း အဖွဲ့ချုပ်မှ ပြောသည်။

“သံဃာတော်တွေကို မနက်ပိုင်းမှာ တန်းဆွမ်းလောင်းပြီးပါပြီ။ နေ့ဆွမ်းကပ်ဖို့ အဖွဲ့ချုပ်ရုံးမှာ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြွရောက်မယ့်သံဃာတွေကို သက်ဆိုင်ရာတွေက လာတားတဲ့
အတွက် သံဃာတွေ မကြွနိုင်ပါဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် သံဃာတော်များအား ကျောင်းသို့ ဆွမ်းချိုင့်ပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို အဖွဲ့ချုပ်ဝင်များက ရုံးချုပ်တွင် ကျင်းပပြုလုပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း၏ (၆၃) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် အ၀ါရောင် နှင်းဆီပန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးမှတဆင့် ရွှေတိဂုံဘုရားတွင် ကပ်လှူပူဇော်စေခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်လတွင် နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ် တိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်စားစရာများ ၀ယ်ပေးနေသူဖြစ်သည့်  အဖွဲ့ချုပ်အဖွဲ့ဝင်တဦး ဖြစ်သူ ကိုမြင့်စိုးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရွှေတိဂုံဘုရားတွင် နှင်းဆီဝါ (၆၄) ပွင့် ကပ်လှူခဲ့သည်ဟု အဖွဲ့ချုပ်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူတွင်လည်း အ၀ါရောင် ဂန္ဓမာပန်း (၆၄) ပွင့် သွားထား ပေးခဲ့သည်ဟုလည်း သတင်းတွင်ပါရှိသည်။ ဒေါ်ခင်ကြည်၏အုတ်ဂူမှာ ရွှေတိဂုံဘုရား ခြေရင်းတွင် တည်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မွေးနေ့ကို အင်းလျားကန်ဘေးရှိ နေအိမ်မှာပင် အေးအေး ချမ်းချမ်း နေထိုင်နေသည်ဟုလည်း အိမ်နီးနားချင်းတယောက်ကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။

“အိမ်ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာမှု မတွေ့ရဘူး။ ခြံဝမှာလည်း ရဲနှစ်ယောက်ပဲ စောင့်နေတယ်။ တခြံလုံး ငြိမ်ဆိတ်နေတာပဲ။ သူ့ဆီကိုလာပြီး မွေးနေ့ဂုဏ်ပြုတဲ့ ဧည့်သည်လည်း မရှိဘူး။ အလှူ အတန်း ကန်တော့ခံမယ့် သံဃာတော်လည်း မတွေ့ရဘူး” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း တယောက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် (၁၈) နှစ်ကြာကာလအတွင်း (၁၂) နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရသူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တပြည်လုံး အတိုင်းအတာအထိ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဘဲ စစ်အစိုးရထိန်းချုပ်မှု အပြည့်ရှိနေသည့် “ဒီမိုကရေစီလမ်းပြမြေပုံ” အတိုင်းသာ အကောင်အထည်ဖော် လုပ်ဆောင်နေသည်။

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက် မြို့၌လည်း မြန်မာနိုင်ငံသား (၆၃) ဦးအား ဒုလ္လဘရဟန်းခံပေးခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အခြား ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ ဒေါ်စုမွေးနေ့အထိမ်းအမှတ် သက်ဆိုင်ရာဘာသာအလိုက်
ဝတ်ပြုဆုတောင်းခြင်းများ၊ ဂုဏ်ပြုဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားများ ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှုကော်မတီ (ထိုင်း-မြန်မာနယ်စပ်) အဖွဲ့နှင့် မဲဆောက်အခြေစိုက် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

 

job
job
job
job
job
job
News Photo
sayartinmoe
KPP_ads