ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

သတင်းထောက် မအိမ့်ခိုင်ဦးကို ငြိမ်ဝပ်ပိပြားရေး
ထိခိုက်စေမှုဖြင့် စွဲချက်တင်

ပီတာအောင်/ ၂၅ ဇွန် ၂၀၀၈
line

 

လေဘေးဒုက္ခသည် သတင်းယူသည့်  Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပြစ်မှုဖြင့် အာဏာပိုင်များက
ယနေ့ တရားစွဲဆိုလိုက်ကြောင်း သူမ၏ ဆွေမျိုးအသိုင်းအ၀န်းက ပြောသည်။

မအိမ့်ခိုင်ဦးသည် ယခုလ (၁၀) ရက်၌ လေဘေးဒုက္ခသည်များက နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီရုံး) တို့တွင် ကယ်ဆယ်ရေး အကူရရှိရေး သွားရောက် ဆန္ဒပြတောင်းဆိုကြသည်ကို သတင်းယူစဉ် ဖမ်းဆီးခံရပြီး တာမွေရဲစခန်း၌ အချုပ် ကျခံနေရာမှ ယနေ့ တရားရုံး၌  တရားစွဲခံရသည်။

သူမ၏မိသားစုနှင့် နီးစပ်သူတဦးက “ဒီနေ့ ရုံးထုတ်ဖြစ်ပါတယ်။ မနက် (၉) နာရီလောက်မှာ တာမွေ တရားရုံး ရောက်လာတယ်။ နေ့လယ် (၂) နာရီခွဲလောက်မှာ ရုံးထုတ်တယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲထား တယ်။ အချုပ်မှာ ထုထောင်းခံရတာတော့မရှိပါဘူး။ ကျန်းကျန်းမာမာပါပဲ။ ညနေ အင်းစိန်ထောင်မ ကြီးကို ပို့မယ်ကြားတယ်” ဟု ပြောသည်။

ပုဒ်မ ၅၀၅ (ခ) သည်  မည်သူမဆို ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုလုပ်ဖြန့်ချိရာ တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်စေသည့် ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်ထိ ချနိုင်သည်။  လာမည့် ဇူလိုင် (၂) ရက်တွင် သူမ၏အမှုကို ထပ်မံစစ်ဆေး မည်ဖြစ်ပြီး အင်းစိန်မြို့နယ်နေ  ကိုကျော်ကျော်သန့်သည်လည်း သူမနှင့်အတူ တရားစွဲခံနေ ရကြောင်း သိရသည်။

မအိမ့်ခိုင်ဦးသည် အပတ်စဉ်ထုတ် စီးပွားရေးဂျာနယ်တစောင်ဖြစ်သည့်  Ecovision ဂျာနယ်၌ သတင်းထောက်တဦးအဖြစ် လွန်ခဲ့သည့် (၂) လခန့်ကတည်းက လုပ်ကိုင်ခဲ့သူဖြစ်ပြီး နာဂစ်မုန်တိုင်း လေဘေးကယ်ဆယ်ရေး၌လည်း တက်ကြွစွာဆောင်ရွက်နေသူဖြစ်သည်။

မအိမ့်ခိုင်ဦးအား ဖမ်းဆီးတရားဆွဲဆိုခြင်းသည် မတရားမှုဖြစ်ပြီး သူမအား အမြန်ဆုံးပြန်လွှတ်ပေး ရန် တောင်းဆိုကြောင်း မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

၎င်းက  “သူဟာ သတင်းသမားအစစ်ဖြစ်တယ်။ သတင်းသမားတယောက်အနေနဲ့ သတင်းသမား အလုပ်လုပ်တာကို စစ်အစိုးရအနေနဲ့ မတရားလုပ်တာ ကျနော်တို့အနေနဲ့ လက်ခံစရာ အကြောင်း မရှိဘူး။ သတင်းနဲ့ မီဒီယာသမားတွေအပေါ်မှာ နအဖက တစထက်တစ ပိုပိုပြီးတော့ နှိပ်ကွပ်လာနေ တယ်ဆိုတာ ထင်ထင်ရှားရှားမြင်ရတာပဲ။ အဲတော့ ကျနော်တို့ အပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ သတင်းသမားတွေ၊ မီဒီယာသမားတွေအားလုံးဟာ နအဖရဲ့လုပ်ရပ်ကိုပြစ်တင်ရှုတ်ချသင့်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက လေဘေးကယ်ဆယ်ရေး အကူအညီပေးနေသည့် စာနယ်ဇင်းသမားများကို ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယခုလ (၁၆) ရက်က မြန်မာထရီဗြူး ဂျာနယ်ထုတ်ဝေသူ ဦးအောင် ကျော်ဆန်း၊ ယခုလ (၁၃) ရက်က First Eleven  အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော် သက်ထွေး၊ ယခုလ (၄) ရက်က စာရေးဆရာနှင့် လူရွှင်တော် ကိုဇာဂနာတို့ ဖမ်းဆီးခံထား ရသည်။      ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook