ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 


NEJ / ၁၉ ဇွန် ၂၀၀၉

line

 

မန္တလေးမြို့၌ ဇွန် (၂၁) ရက် နောက်ပိုင်းတွင် ပလတ်စတစ်အသုံးမပြုရဟု စီမံချက်ချထားသောကြောင့် ပလတ်စတစ်စက်ရုံများ ပိတ်လိုက်ရကြောင်း မန္တလေးမြို့ခံ ပလတ်စတစ်ထုတ်လုပ်ငန်းရှင်များက ပြောသည်။

“ပလတ်စတစ်ကို အသုံးမပြုရဘူးလို့တော့ မြို့တော်ဝန်က အမိန့်ထုတ်ပါတယ်။ ဇွန် (၃) ရက်က ထုတ်တဲ့ အမိန့်ပါ။ ဒါပေမယ့် ဘာကို အစားထိုးရမယ်ဆိုတာတော့ မညွှန်ကြားသေးပါဘူး။ ကျနော်တို့အနေနဲ့လည်း ဘာမှအစားထိုးဖို့ ကိစ္စကို လုပ်မပေးနိုင်ပါဘူး” ဟု မန္တလေးစည်ပင် အရာထမ်းတဦးက ပြောသည်။

မည်သည့်အကြောင်းကြောင့် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ကြောင်း အတိအကျမသိရသော်လည်း မြန်မာတိုင်းမ်သတင်းဂျာနယ်အမှတ် (၄၁၈) တွင် မိုးတွင်းချိန်၌ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ သန့်ရှင်းရေးလုပ်ရာတွင် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များကြောင့် အဓိက မြောင်းပိတ်ဆို့မှုဖြစ်ရကြောင်း ဖော်ပြထားသည်။

ပလတ်စတစ်အသုံးမပြုရ စီမံချက် အောင်မြင်မည်၊ မအောင်မြင်မည် မသိရသေးသော်လည်း လောလောဆယ်တွင်မူ မန္တလေး၌ ပလတ်စတစ်ထုတ်လုပ်ငန်းများ ထိခိုက်နေကြကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“လတ်တလော အော်ဒါအမှာတွေ ရပ်သွားတယ်။ ပြီးတော့ ထုတ်လုပ်မယ့် ကုန်ကြမ်းတွေကို ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတယ်။ ကော်စေ့တွေကတော့ ပလတ်စတစ် အမာပစ္စည်းတွေ ထုတ်လို့ရတာတော့ မှန်ပါတယ်။ ဒါပေမယ့် လုပ်ငန်းသဘာဝချင်းက မတူကြဘူးလေ” ဟု မန္တလေးမြို့မှ ပလတ်စတစ်အိတ်ထုတ်လုပ်သူ လုပ်ငန်းရှင်တဦးက ပြောသည်။

မန္တလေးမြို့တွင် ပလတ်စတစ်အိတ်မျိုးစုံ ထုတ်လုပ်သော လုပ်ငန်းပေါင်း (၃၀) ကျော် ရှိပြီး ပလတ်စတစ်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်သော လုပ်ငန်းပေါင်း (၃၀) ခန့်ရှိသည်ဟု မန္တလေး စည်ပင်သာယာ စာရင်းဇယား များအရ သိရသည်။

ပလတ်စတစ်အသုံးမပြုရဟူသော အမိန့်ထုတ်ပြန်ပြီးနောက် နာမည်ကြီး မုန့်လုပ်ငန်းများအတွက် အသုံးပြုရန် အပ်နှံထားပြီးသား ထုတ်လုပ်ပြီး ပလတ်စတစ်အိတ်များကို မုန့်လုပ်ငန်းရှင်များက လာမယူကြတော့သဖြင့် ပလတ်စတစ်လုပ်ငန်းရှင်များအနေဖြင့် ပို၍ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေကြရသည်။

ယခုအချိန်ထိ မန္တလေး၌ ပလတ်စတစ်အိတ်များကို အသုံးပြုနေဆဲဖြစ်ပြီး ဇွန် (၂၁) ရက် နောက်ပိုင်းတွင် ပလတ်စတစ်အစား မည်သည့်ပစ္စည်းကို သုံးစွဲရန် မသိရှိရသေးသဖြင့် အခက်အခဲဖြစ်နိုင်ကြောင်း စည်ပင်အရာထမ်းတဦးက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo