English Page
archive
newspaper
journalarchive
photoalbum
bloglogo

Exchange Rate
US 1 $ = 1200 Ks
Thai Bht 1= 35.50 Ks
currency
19 August 2008


 
 

လူထုစိန်ဝင်း စာရေးခွင့်ဆိုင်းငံ့ခံရ
NEJ/ ၁၇ မတ် ၂၀၀၈
line

 
စာရေးဆရာကြီး လူထုစိန်ဝင်း

စစ်အစိုးရနှင့် ပတ်သက်ပြီး
ဝေဖန်ဆန့်ကျင်စကား ပြောကြားခဲ့သည့်အတွက်
ဝါရင့်သတင်းစာ ဆရာ၊ စာရေးဆရာကြီး လူထုစိန်ဝင်း ရေးသားသောဆောင်းပါးများ ဖော်ပြခွင့်ကို စာပေစိစစ် ရေးက ပိတ်ပင်လိုက်ကြောင်း စာပေစိစစ်ရေးရုံးမှ  စိစစ်ရေး မှူးတဦးက ထုတ်ဖော်ပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာကြီးဦးစိန်ဝင်းက

 

“ဒီနေ့တော့ ဆောင်းပါးတွေ ကျနော်ပါရမယ့် ဂျာနယ်တွေမှာ မပါဘူးလေ။ ကျနော့်ကိုတော့
ဘာမှ တရားဝင်ပြောတာ ဆိုတာမရှိဘူး။ ဒီနေ့ပါရမယ့် ၀ီကလီးအဲလဗင်းတို့မှာ မပါလာဘူး။
ဝီကလီးအဲလဗင်းက ပြောတဲ့အပြောအရတော့ ခဏဆိုင်းငံ့ထားပါလို့ ပြောတယ်တဲ့။ ပိတ် တယ်လို့တော့ မပြောဘူးပေါ့။ အသံဖိုင်ဖြန့် လိုက်တဲ့ကိစ္စနဲ့ ပတ်သက်တယ်လို့တော့ ထင်
တာပဲလေ။ တခြားအကြောင်းတော့ မရှိပါဘူး” ဟုပြောသည်။

ဆရာဦးစိန်ဝင်းက အသံဖိုင်တခုကို အားလုံးအတွက် ရည်ရွယ်၍ ပြည်ပသို့ ပေးပို့ခဲ့သည်ဟု ပြောသည်။  

ယခုလ (၈) ရက် နေ့စွဲတပ်ထားသည့် အဆိုပါ အသံဖိုင်တွင် အာဏာရှင်မှန်သမျှသည်
အာဏာကို စွန့်လွတ်မှု မရှိကြောင်း၊ ကုလသမဂ္ဂက ကယ်တင်သဖြင့် လွတ်မြောက်သွားသည့် နိုင်ငံလည်း ကမ္ဘာတွင် မရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒိုင်ယာလော့တို့၊ လုံခြုံရေးကောင်စီတို့ဖြင့် အချိန်မဖြုန်းသင့်ကြောင်း၊ ယခုအချိန်သည် တော်လှန်ရေးတရပ်လုံး အလှည့်အပြောင်း ဖြစ် နိုင်သည့် အချိန်ကာလဖြစ်ကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးကြီးက ဖန်တီးပေးလိုက်သော ကြီးမားသည့် အရှိန်အဟုန် အခွင့်အရေးကို အမိအရအသုံးချကာ မြန်မာပြည်သူများ ပြည်သူ့ စွမ်းအားဖြင့် အာဏာရှင်စနစ်ကို ချေမှုန်းပစ်ကြရန်အတွက် လူထုဦးစိန်ဝင်းက တိုက်တွန်း ထားသည်။

ယင်းသို့ထုတ်ပြန်ပြောဆိုရခြင်းနှင့်ပတ်သက်၍ ၎င်းက  “ဒီအချိန်မှာ အရေးကြီးလို့ ခုလို ထုတ်ပြန်ချက် ထုတ်ရတာပါ။ ဒီလို ထုတ်ပြန်ချက် ထုတ်လိုက်ရင် စာရေးခွင့် အပိတ်ခံရနိုင်
တယ်။ အဖမ်းခံရနိုင်တယ် စသဖြင့် တွက်ပြီးသားပါ။ အန်အယ်လ်ဒီ ခေါင်းဆောင်တွေအပါ
အ၀င် နိုင်ငံရေး ဦးဆောင်လုပ်နေတဲ့ လူတွေအဖို့ ခုအချိန်မှာ ပြည်သူတွေဘက် မျက်နှာမူပြီး ပြည်သူတွေကို ယုံယုံကြည်ကြည်နဲ့ ဦးဆောင် လမ်းပြသင့်ပြီ။ ခု လာမယ့် အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ ဘယ်လို လုပ်ကြမလဲ၊ ပြည်သူတွေကို ရှင်းပြသင့်ပြီ၊ နမူနာအားဖြင့် ၁၉၇၄ ခုနှစ်တုန်းကဆို စစ်အစိုးရဟာ သူ့ဖာသာသူ တပါတီ အာဏာရှင်စနစ်ကို အတည်ပြုလိုက်
တယ်။ နောက်တော့ ဗိုလ်ချုပ်ကြီးနေ၀င်းက သမ္မတကြီး ဦးနေ၀င်းကို အာဏာလွှဲပေးလိုက်
တယ်၊ ဒါမျိုး ကြုံခဲ့ရဖူးတာပဲ။ ဒီလို ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပြီ။ ဘာပဲ
ဖြစ်ဖြစ် ခု စစ်အစိုးရက အတည်ပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ။ ဘယ်လို ရင်ဆိုင်မလဲ။ နောက် ဘာတွေ ဆက်လုပ်ကြ မလဲဆိုတာ ပြည်သူတွေကို အသေအချာ ရှင်းပြစည်းရုံးဖို့ လိုရင်းပဲ ဖြစ်တယ်” ဟု ပြောသည်။

လူထုဦးစိန်ဝင်းသည် ပြီးခဲ့သည့် ၂၀၀၆ ခု မေလတွင် အင်တာနယ်ရှယ်နယ် ဟာရယ်ထရီဗြွန်း သတင်းစာတွင် ဆောင်းပါးရေးသားခဲ့သည့်အတွက် စာရေးခွင့် နှစ်လခန့် ပိတ်ပင်ခံခဲ့ရဖူးသည်။

ဦးစိန်ဝင်းသည် လူထုသတင်းစာတိုက်၊ မန္တလေးတိုက်နှင့် ရန်ကုန်တိုက်ခွဲများတွင် အယ်ဒီတာ အဖြစ် သတင်းစာပိတ်ချိန်အထိတာဝန်ယူခဲ့ပြီး ၁၉၆၉ ခု၌ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရကာ ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရပြီး ၁၉၇၂ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်၌ လေဖြတ်သွားပြီး ကိုယ်တခြမ်းသေသွားရာမှ ဘယ်လက်ဖြင့် စာရေးလေ့ကျင့် ခဲ့ကာ ယခုအချိန်ထိ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ဆောင်းပါးပေါင်းများစွာ ရေးသား လျက်ရှိသည်။      ။

 

asean
ကြော်ငြာကဏ္ဍ

KPP_ads

music

sayartinmoe

hiv

fbppn

burma

88

oway

alinpyakyelsin

 

Opentracker.net: Website Statistics