ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မင်းနိုင်သူ / မတ်လ(၁၃) ရက်၊ ၂၀၀၉
line

 

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကို ယနေ့ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့မှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှ အဖွဲ့အစည်းပေါင်း (၁၆၇) ခုက ပူးပေါင်းပါဝင်ရန် လက်မှတ်ရေးထိုး ထားပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရမှု (၆) နှစ်ပြည့်မြောက်မည့် မေလ (၂၄) ရက်အထိ (၇၃) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကာ လက်မှတ်ပေါင်း (၈၈၈၈၈၈) ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDB မှ ဒေါက်တာနိုင်အောင်က ပြောသည်။

“အရင်ကလည်း ဒီလိုလက်မှတ်ရေးထိုးလှုပ်ရှားမှုတွေလုပ်ပြီး ယူအန်ကိုတင်ခဲ့ဖူးတယ်ဆိုပေမယ့် အခုချိန်ကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်တာရှိတယ်။ နောက် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံ သွားရောက်ရေး ခရီးစဉ် ရှိမယ်။ အဲဒါလေးတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးမယ်ပြောတယ်။ နောက် အတိုက်အခံတွေဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်သုံးသပ်ပေးဖို့ ပြောတယ်။ တကယ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရပါမယ်။ နောက် သူတို့အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ နောက် မစ္စတာဘန်ကီမွန်းအနေနဲ့ သူရဲ့ လုပ်ကိုင်ခွင့်အပြင် ပုဂ္ဂိုလ်ရေး အရပါ နအဖအစိုးရအပေါ် တွန်းအားပေးတာတွေ လုပ်နိုင်ဖို့ပါ” ဟု ဒေါက်တာနိုင်အောင်က ရှင်းလင်းပြောဆိုသည်။

လက်မှတ်ကောက်ယူမှုများကို လူစည်ကားသောနေရာများတွင် ကောက်ယူခြင်း၊ ဓာတ်ပုံပြပွဲ၊ ပါဖောင်းမင့် ပြပွဲများ ပြုလုပ်ရာမှတဆင့် ကောက်ယူခြင်းများအပြင် လှုပ်ရှားမှုတွင်ပါဝင်သော အဖွဲ့အစည်းများပိုင် ၀ဘ်ဆိုက်များမှတဆင့် အွန်လိုင်းအသုံးပြုကောက်ခံခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

လှုပ်ရှားမှုတွဲဖက်အဖွဲ့တခုဖြစ်သည့် AAPP မှ ကိုတိတ်နိုင်က “အရင်ကတော့ နယ်စပ်မှာပဲ လက်မှတ်ကောက်ယူမှု တွေ လုပ်နိုင်ခဲ့တာပါ။ အခုကတော့ ကမ္ဘာတ၀န်း လုပ်ဆောင်သွားမှာပါ။ ဒီနေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ လက်မှတ်တွေ စတင်ကောက်ယူနေပါပြီ။ လာမယ့် မေလ (၂၄) ရက်အထိ တောက်လျှောက်လုပ်သွားမှာပါ။ အဲဒီရက်မှာ နအဖအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင်ပေး၊ မပေးရင် ထောင်ထဲထည့်ရတော့မယ့် ကာလပါ။ အဲဒီအခြေအနေကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက သိမြင်နိုင်အောင်လို့ပါ။ မစ္စတာဘန်ကီမွန်းအနေနဲ့လည်း ကုလသမဂ္ဂလုပ်ဆောင်ခွင့်အပြင် အထွေထွေအတွင်းရေးမှူးချုပ်ဆိုတဲ့ ရာထူးကိုအသုံးပြုပြီး နအဖစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆိုဖို့၊ ဖိအားပေးဖို့၊ အရေးယူဖို့ ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးတောင်းဆိုမှုများကို ပြည်ပရောက် မြန်မာနိုင်ငံသားများ သာမကဘဲ နိုင်ငံခြားသားများလည်း ပါဝင်တောင်းဆိုနိုင်မည်ဖြစ်ပြီး ကောက်ခံရရှိသည့် လက်မှတ်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြည်တွင်း၌ အန်အယ်လ်ဒီပါတီက ပြည်ထောင်စုနေ့မှ စတင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီအနေဖြင့် အဆိုပါလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေသော်လည်း အာဏာပိုင်များ၏ နှောင့်ယှက်မှု အနည်းငယ်ကြုံတွေ့ရသည်ဟု လက်မှတ်စုဆောင်းရေးလုပ်ဆောင်နေသူ လူငယ်ဖော်ဆောင်ရေးမှ ကိုအေးထွန်းက ပြောသည်။

“ဘယ်လောက်ရပြီးပြီဆိုတာ။ပြောဖို့ခက်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းနဲ့ပြည်နယ်တွေမှာ ကောက်ယူမှုတွေပြုနေ ဆဲဖြစ်လို့ပါ။ အနီးအနားက တွံတေးမှာတော့ လက်မှတ်သောင်းချီရထားပါတယ်။ အဲလောက်လေးတွေပဲ သိရပါ သေးတယ်။ လာမယ့် (၂၆) ရက်နေ့မှာ တိုင်းနဲ့ပြည်နယ်က လူငယ်အဖွဲ့တွေနဲ့ ကျနော်တို့ ရုံးချုပ်က လူငယ်အဖွဲ့ အစည်းအဝေးရှိပါတယ်။ အဲဒီမှာမှ အကြမ်းဖျင်းသိနိုင်ပါလိမ့်မယ်” ဟု ကိုအေးထွန်းက ရှင်းပြသည်။

မည်သည့်ရက်အထိ လက်မှတ်ကောက်ယူမှုများ လုပ်မည်၊ ကောက်ယူလက်မှတ်များကို မည်ကဲ့သို့စီမံမည်ဆိုသော ကိစ္စရပ်များကိုလည်း ယင်းအစည်းအဝေးပြီးမှ သိနိုင်မည်ဟု ဆိုသည်။
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook