ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / မတ်လ(၁၉) ရက်၊ ၂၀၀၉
line

 

မကြာခင်က တဒေါ်လာလျှင် မြန်မာငွေ (၁,၀၁၀) ကျပ် ခန့်သာရှိရာမှ မတ်လ (၁၈) ရက် ညနေပိုင်းတွင် တဒေါ်လာလျှင် မြန်မာငွေ (၁,၀၅၀) ကျပ်၊ (၁,၀၆၂) ကျပ်ထိ မြင့်တက်သွားသည့်အတွက် (၃) ရက်အတွင်း မြန်မာငွေ (၅) ရာခိုင်နှုန်း ကျသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်ရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ ဒေါ်လာအရောင်းအ၀ယ်လုပ်သူများက ရုတ်တရက် အ၀ယ်လိုက် လာကာ ဈေးခုန်တက်ခြင်းဖြစ်သည်ဟုထင်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဈေးတက်သည်ကို တိတိကျကျ မသိကြောင်း ပြောကြသည်။

“ကျနော်လည်း မနက်နဲ့ညနေ ကွဲသွားတဲ့ ဈေးကိုကြည့်ပြီး အံ့သြရတယ်။ ကျနော်အထင်ကို ပြောရရင် ကုန်သည် တွေများ ကစားတာလားပေါ့ဗျာ” ဟု ပွဲစား ကျော်ထွန်းအုပ်က ပြောသည်။

ဘောဂဗေဒစီးပွားရေး ပညာရှင်တဦးက သုံးသပ်ရာတွင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းအတွက် Trading money ၀ယ်ယူသူများကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။

“ပို့ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် တခုခုကို ဆောင်ရွက်တော့မယ်လို့ဆိုတိုင်း ဒေါ်လာဝယ်ရပါတယ်။ ဒါကြောင့်လို့ မြင်တယ်” ဟု သူကပြောသည်။

“ဒေါ်လာဈေးက နှစ်တိုင်း ဒီလိုရာသီမှာ တက်နေကျပါ။ ဟိုတလောက ကျတယ်ဆိုတာက ခဏပဲလေ၊ မြန်မာငွေကို ဘယ်သူမှ မယုံကြည်ကြဘူး။ ဒေါ်လာက ကမ္ဘာသုံးငွေပဲ၊ ဈေးကျလည်း ခဏပဲ” ဟု ၀ါရင့် စီးပွားရေးလုပ်ငန်းပိုင်ရှင် တဦးက ပြောသည်။

ဒေါ်လာဈေးတက်သည့်အတွက် ရန်ကုန် ရွှေဈေးကွက်တွင် ယမန်နေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် (၅) သိန်း (၂) သောင်းထိ တက်လာကြောင်း ရွှေဈေးကွက်အတွင်းက သိရသည်။

“ကမ္ဘာ့ရွှေဈေးတက်နေတာပဲ၊ မြန်မာ့ရွှေဈေးကကျတယ်။ ခုမှပြန်ပြီး နည်းနည်းပိုလာတဲ့ သဘောပါ” ဟု (မဂိုလမ်း/ ရွှေဘုံသာလမ်း) ရွှေဈေးကွက်က သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook