ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မင်းနိုင်သူ / မတ်လ(၃၁) ရက်၊ ၂၀၀၉

line

 

မြန်မာကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၂၉) ရက်တွင် လက်ဖက် (၅၇) မျိုးအား Auramine O ဆိုးဆေးပါရှိသည့်အတွက် ထပ်မံတားမြစ်လိုက်ပြီးနောက် စင်ကာပူနိုင်ငံကလည်း စင်ကာပူသို့တင်သွင်းနေသည့် မြန်မာလက်ဖက်အမျိုးအစား (၂၀) ကို Auramine O ပါဝင်မှုကြောင့် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

Auramine O အ၀ါရောင်ဆိုးဆေးသည် ပိုးချည်ထည်၊ သားရေ စသည်တို့အား အရောင်ဆိုးသည့် စက်မှုသုံး ဆိုးဆေး ဖြစ်သည့်အတွက် အစားအသောက်များတွင် အသုံးမပြုရန် တားမြစ်ထားကြောင်း စင်ကာပူလယ်ယာ သီးနှံနှင့် တိရစ္ဆာန်ဌာန (AVA) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် လက်ဖက်များကို အ၀ါရောင်ဆိုးဆေး ပါမပါ စမ်းသပ်ပြီးမှ ရောင်းချခွင့်ပြုမည် ဖြစ်သည်။

အ၀ါရောင် ဆိုးဆေးသုံးသည်ဟု စင်ကာပူအစိုးရက သတ်မှတ်ထားသည့် လက်ဖက်အမျိုး (၂၀) တွင် အရီးတောင်း၊ ယုဇန၊ ဇရမ်း၊ ရွှေတုတ်၊ ဦးကာကာ၊ စိုးဝင်း၊ M&N စသည့် လက်ဖက်တံဆိပ်များ ပါဝင်သည်။ ထူးခြားသည့်အချက် မှာ စင်ကာပူက ပိတ်ပင်လိုက်သည့် မြန်မာလက်ဖက်အမျိုးအစား (၂၀) တွင် မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်မှုမရှိခဲ့သည့် ယုဇနလက်ဖက် (၈) မျိုးပါဝင်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဒေါက်တာကျော်လင်းကို ခေတ်ပြိုင်မှ မေးမြန်းရာ “အဲဒါတော့ စင်ကာပူက ကိစ္စက သူတို့ကိစ္စပဲလေ။ သူတို့ဘယ်လိုစစ်သလဲ။ ဘာကိုတွေ့လို့လဲ။ တွေ့လို့ပိတ်တာလား။ မတွေ့ဘဲနဲ့ပိတ်တာလား သူတို့ကိစ္စ။ ကျနော်တို့မသိဘူးပေါ့နော်။ ကျနော်အစည်းအဝေးရှိလို့ ဒီလောက်ပဲပြောနိုင်မယ်နော်” ဟု ပြောသည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ ယခုလ (၁၂) ရက်တွင် လက်ဖက်အမျိုးအစား (၄၃) မျိုးကို တားမြစ်ပိတ်ပင်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် (၅၇) မျိုး ထပ်မံတားမြစ်ခဲ့ရာ ယခုတားမြစ်ခံရသည့် လက်ဖက်အမျိုးအစား (၁၀၀) ရှိသွားပြီဖြစ်သည်။

ပြည်တွင်းသတင်းထောက်တဦးကလည်း “မြန်မာတွေရဲ့ နေ့စဉ်စားသုံးမှုမှာပါတဲ့ လက်ဖက်ကို ဆိုးဆေးတွေပါတယ် ဆိုပြီး အခုမှ FDA ထကြေညာတယ်ဆိုတော့ အရင်က မစစ်ခဲ့လို့လား။ ဒါမှမဟုတ် နောက်ပိုင်းမှ ဆေးဆိုးလာကြတာ လား။ ဘာမှသဲသဲကွဲကွဲ မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ FDA ဌာနရှိခဲ့တာလည်း ကြာပြီလေ။ လက်ဖက်ဆိုတာ လည်း ကျနော်တို့ ရိုးရာအစားအသောက် ကြာလှပြီ။ အခုမှ တွေ့တယ်ပြောတယ်။ ဘာ့ကြောင့်လဲ။ ဆက်သွယ် မေးမြန်းတော့လည်း အတွေ့မခံဘဲ ရှောင်နေတယ်။ သတင်းစာပါကြေညာ သာသာပဲ သတင်းရေးလို့ရတယ်။ ပြည့်ပြည့်စုံစုံ မလုပ်နိုင် ကြဘူးဖြစ်နေတယ်” ဟု လက်ဖက်တွင် ယခုမှ Auramine O ဆိုးဆေး တွေ့ရှိလာမှုအပေါ် ရှင်းလင်းစွာမသိရကြောင်း ပြောသည်။

FDA မှ လက်ဖက်တွင် ဆိုးဆေးပါရှိမှုကို တွေ့ရသည့်အကြောင်းများ ဆောင်းပါးများ ရေးသားဖော်ပြသွားမည်ဟု ဒေါက်တာကျော်လင်းက ပြောသော်လည်း မည်သည့်စာစောင်တွင် ဖော်ပြသွားမည်ကို ပြောဆိုသွားခြင်းမရှိပေ။

“ကျနော်တို့ကြားတာတော့ နမ့်ဆမ် လက်ဖက်ခြောက်စက်ရုံကို လက်ဖက်တောင်သူတွေက လက်ဖက်ပေးသွင်းမှု မရှိဘူးဆိုတာကြားတယ်။ နောက် အဲဒီလက်ဖက်ခြောက်စက်ရုံက စစ်တပ်ပိုင်ဖြစ်ပြီး လက်ဖက်ကို အပြင်ပေါက်ဈေး ထက် အများကြီးခွာကောက်နေတယ်ဆိုတာတွေတော့ ကြားတယ်။ ဘာ့ကြောင့်ဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ဘူး” ဟု အမည်မဖော်လိုသည့် လက်ဖက်ပွဲရုံပိုင်ရှင်တဦးက ဆိုသည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနက လက်ဖက်အမျိုးအစား (၁၀၀) ကို တားမြစ်လိုက်ခြင်းကြောင့် လက်ဖက်ရောင်း အား (၈၀) ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း ဘုရင့်နောင်အခြေစိုက် လက်ဖက်ပွဲရုံများက ပြောသည်။

“အခုတော့ တစ၀င်ရင်တစ လာစစ်ပါတဲ့။ FDA က အဲလိုညွှန်ကြားထားတယ်။ တစဆိုတာက ပွဲရုံကိုရောက်လာတဲ့ နယ်ဝင်အစတစပေါ့နော်။ လက်ဖက်သားတစကို ယူသွားပြီးစစ်ရတယ်။ သူတို့က ကင်းလွတ်တယ်ဆို ရောင်းလို့ရတယ်။ ဥပမာ ဒီနေ့ သီပေါနယ်က လက်ဖက် အိတ်နှစ်ဆယ်ဝင်ရင် အဲဒီထဲက တချို့ကိုယူပြီး တခါသွားစစ်ရတယ်။ တခါ စစ်ခ (၂,၀၀၀) ပေးရတယ်။ နမ့်ဆမ်ဘက်က ထပ်ဝင်ရင် ထပ်သွားစစ်။ အဲလိုလုပ်နေရတယ်။ ဘယ်အချိန်မှာ ကိုယ့်တံဆိပ်ကို ကင်းလွတ်ခွင့်ပြုမယ်ဆိုတာ ဘာမှမသိရသေးဘူး” ဟု တားမြစ်မှုစာရင်းထဲတွင် ပါဝင်ခဲ့သည့် ဘုရင့်နောင် လက်ဖက်ပွဲရုံတခုမှ အမျိုးသမီးတဦးက ပြောသည်။

၎င်းတို့အနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့် လက်ဖက်များကိုလည်း ပြန်လည်သိမ်းဆည်းခဲ့ကြရသဖြင့် ဆုံးရှုံးမှုများစွာရှိခဲ့သည်ဟု ဆိုသည်။

မန္တလေးမြို့ခံတဦးက “ကျမတို့လို လက်ဖက်ကြိုက်တဲ့ သူတွေအဖို့ကတော့ နာမည်ကြီးတံဆိပ်အတော်များများ ပါသွားတော့ ၀ယ်ရတာခက်တာပေါ့။ တားမြစ်တံဆိပ်တွေ အကုန်လုံးလည်း မှတ်မထားနိုင်ဘူး။ မပါနိုင်ဘူးထင်ရတဲ့ တံဆိပ်တွေ ၀ယ်စားကြတာပဲ။ အဲဒီထဲမှာ ပါရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ လက်ဖက်မှာ ဆိုးဆေးပါတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းကြေညာပေးတာကောင်းပါတယ်။ မသိရင် ဘယ်အချိန်ထိ ခံနေရဦးမလဲ မသိနိုင်ဘူးလေ။ အဲဒီလိုပဲ ဘယ်အချိန်ကတည်းက ခံခဲ့ကြရတာလဲဆိုတာလည်း မသိကြရဘူး” ဟု ဆိုသည်။

အော်ရာမင်းအို အ၀ါရောင်ဆိုးဆေးသည် diarylmethane ဆိုးဆေးဖြစ်ပြီး Basic yellow 2, Pyocatanium aureum, aizen auramine, Pyoktanin Yellow, Canary Yellow, Pyoktanin, C.I. 41000 ဟုလည်း ခေါ်သည်။ အော်ရာမင်းအို နှင့် ထိတွေ့မိလျှင် အသားအရေ မျက်စိ ယားယံခြင်း၊ အသားလောင်ခြင်း၊ ပျို့အန်ခြင်း စသည်တို့ဖြစ်စေသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook