ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / မတ်လ(၆) ရက်၊ ၂၀၀၉
line

 

ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန်အသင့်ရှိကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ကချင်အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း နှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်ချရန် အသင့်ရှိသည်ဟု အန်ဒီအေကေအဖွဲ့က ပထဆုံး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီတွင် ကချင်အတိုင်ပင်ခံကောင်စီမှ (၅၀) ရာနှုန်းကျော် ပါဝင်မည်ဟု ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။

ဖွဲ့စည်းမည့် ကချင်ပါတီမှာ ကေအိုင်အို အပစ်အခတ်ရပ်စဲရေးအဖွဲ့နှင့် အန်ဒီအေကေတို့မှ ကိုယ်စားလှယ်အချို့ ပါဝင်မည်ဖြစ်သည်။ အစိုးရသစ်အပြောင်းအလဲမှာ တိုင်းရင်းသားများကို အလုပ်အကျွေးပြုနိုင်မည့် နိုင်ငံရေး ပါတီတရပ်ဖွဲ့ရေးအတွက် ကချင်အတိုင်ပင်ခံကောင်စီမှ မေတ္တာရပ်ခံသည့်အတွက် ယခုကဲ့သို့ ပါတီဖွဲ့ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်းက ရှင်းပြသည်။

သို့သော် ကချင်အတိုင်ပင်ခံကောင်စီသည် ကေအိုင်အိုအဖွဲ့၏ ထောက်ပံ့မှုကို အများဆုံးရယူထားသည့် အဖွဲ့ဖြစ်သည့်ပြင် ကေအိုင်အိုအဖွဲ့၏ စစ်အစိုးရအပေါ် မပြတ်သားသည့် ပေါ်လစီကြောင့် ကချင်လူထုက စိတ်ဝင်စားမှုနည်းသည်ဟု ကချင်သတင်းအုပ်စု အယ်ဒီတာ နော်ဒင်းက ပြောသည်။

ကချင်နိုင်ငံရေးပါတီသစ်တွင် အန်ဒီအေကေအဖွဲ့ကို ကိုယ်စားပြုမည့် ဦးမန်ရှန်တိန့်ဆောင်သည် အမျိုးသားညီလာခံကာလအတွင်း အန်အယ်လ်ဒီသည် အမျိုးသားညီလာခံပျက်စီးအောင် အမေရိကန်အားကိုးဖြင့် လုပ်ကိုင်နေသလို တွေ့ဆုံဆွေးနွေးရေး အန်အယ်လ်ဒီက တောင်းဆိုနေခြင်းသည်လည်း အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲသည့် စာတမ်းကို ၂၀၀၆ ခု ညီလာခံအဖွင့်မှာ ဖတ်ကြားခဲ့သူ ဖြစ်သည်။

voice(ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ခေတ်ပြိုင် ဦးစိန်ကျော်လှိုင်က မေးမြန်းရာ ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ စတင်ပြောကြားသည်။)
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook