ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 

 

 

ဒီကေဘီအေနဲ့နအဖ ပူးပေါင်းကိုယ်ကျိုးရှာနေ
၁၀ နိုဝင်ဘာ ၂၀၀၉
line

 

မြ၀တီမြို့ မိုးသီးအုတ်ဖိုအရပ်မှာ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ ဂိတ်သစ်မှာ အဖွဲ့ရန်ပုံငွေအတွက်ဆိုပြီး အာဝါဒေးလို့ခေါ်တဲ့ လောင်းကစားကို အခြေခံတဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်နေတာ အခုဆိုရင် တလနီးပါးရှိပြီး ဟန်ပြအနေနဲ့ ရန်ကုန်က အငြိမ့်တွေ ဇာတ်တွေပါ ထည့်ပေးထားပါတယ်။

လောင်းကစားနည်းမျိုးစုံ (၃၅) ၀ိုင်းလောက်ရှိတယ်။ ဒီကေဘီအေနဲ့ မြ၀တီခရိုင်က အာဏာပိုင်တွေ ပေါင်းပြီး ရတဲ့ အကောက်ငွေတွေကို အချိုးကျဝေယူကြတယ်။ ၀ိုင်းကြေးက တ၀ိုင်းကို ကျပ် (၁) သောင်းကနေ (၅ ) သောင်းအထိရှိတယ်။ ဒီလောင်းကစားက ရတဲ့ငွေတွေကို သာသနာတော်ကြီးတိုးတက်ဖို့အတွက် သာသနိက အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ အသုံးပြုတယ်လို့ ဒီကေဘီအေဘက်ကပြောပေမယ့် လက်တွေ့မှာတော့ ကားဝယ် တိုက်ဆောက်ပြီး ကိုယ်ကျိုးအတွက်ပဲ လုပ်နေကြပါတယ်။

ဒီလောင်းကစားပွဲကို နေ့စဉ်ငွေထုပ်ပိုက်ပြီး လာကစားနိုင်တဲ့ လူအများစုဟာ မြ၀တီမှာ တရားမ၀င်လုပ်ငန်း လုပ်ကိုင်နေသူနဲ့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေဖြစ်ပါတယ်။ အများစုက မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ ကားနဲ့ဆိုင်ကယ်ခိုးသွင်းသူတွေနဲ့ တချို့ကုန်သည်တွေပါတယ်။ ဒီလိုလူတွေကိုအားကျပြီး လူငယ်တွေကလိုက်လုပ်တော့ နောက်ဆုံးမြ၀တီတခွင်မှာ အကျင့်စာရိတ္တ ပျက်စီးသူတွေများလာပြီး ကြမ်းပိုးသူခိုးတွေကြောင့် ခိုးမှု၊ လူသတ်မှု၊ လုယက်မှု၊ အနုကြမ်းစီးမှုတွေ မကြာခဏဖြစ်ပြီး အိမ်နောက်ဖေးမှာတောင် အ၀တ်မလှန်းရဲတဲ့အထိကို ဖြစ်နေပါတယ်။ အစိုးရ နေ့တိုင်းပြောနေတဲ့ လူမှုရေးဦးတည်ချက် (၄) ရပ်ထဲမှာ တမျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားရေး ဆိုတာကလည်း သူတို့ကိုယ်၌ကိုက မလိုက်နာတော့ ရာဇ၀တ်မှုတွေပဲ တိုးလာနေတယ်။

ဘယ်လောက်အထိ အခြေအနေတွေဆိုးသွားသလဲဆိုရင် ကရင်ပြည်နယ်မှာ အာဝါဒေးပွဲ လုပ်တဲ့ တချို့ဒေသမှာဆိုရင် ရွှေ့လျှားပြည့်တန်ဆာရုံပါရှိတယ်။ ပွဲခင်းအပြင်မှာ နှစ်ယောက် အိပ်ခြင်ထောင်ကြီးတွေ ထောင်ထားတာ ဖွေးနေတာပဲ။ ၀ါသနာပါလို့ကတော့ ငွေရှင်းပြီး ခြင်ထောင်ထဲဝင်ရုံပဲ။ ဒီလောက်လွတ်လပ်မှတော့ ဒုစရိုက်မှုတွေ မများဘယ်ခံနိုင်မှာလဲ။
တချို့ဆို ပွဲလာတော့ ကားတွေဆိုင်ကယ်တွေပါတယ်။ လောင်းကစားတာရှုံးပြီး ကားသော့၊ ဆိုင်ကယ်သော့တွေ ချန်ထားရတာတွေ အများကြီးရှိတယ်။ မြ၀တီမှာ စက်ဘီး၊ ဆိုင်ကယ်ခိုးမှုတွေဖြစ်တာလည်း ခဏခဏပဲ။ မူးယစ်ဆေးဝါးကတော့ အလျှံပယ်ပဲ။ ပွဲခင်းထဲမှာ ကြိုက်သလိုဝယ် ကြိုက်သလိုသုံးပဲ။ ရဲတွေ၊ ပြည်သူ့စစ်တွေ၊ စစ်သားတွေ၊ ကြံ့ဖွံ့တွေ မီးသတ်ပါမကျန်ဘူး အကုန်လုံး မူးယစ်ပျော်ပါးပြီး လာကစားကြတယ်။

ဒီကေဘီအေကတော့ နှစ်သီးစားရတယ်။ ညဘက်လောင်းကစားကနေ သိန်းချီပြီး အကောက်တွေရတယ်။ နေ့ဘက်ကျတော့ ဘန်ကောက်မှာအဖမ်းခံတဲ့ မြန်မာတွေကို ထိုင်းလူဝင်မှုက နယ်စပ်မြ၀တီဘက် လာသွန်တဲ့လူတွေဆီကလည်း တယောက်ကို ဘတ်ငွေ (၁,၅၀၀) ကောက်တယ်။ ဒီကေဘီအေအရာရှိတွေ ပြောတာကတော့ ဒီနှစ်ကုန်ရင် တို့ခေတ်မရှိတော့ဘူး နယ်ခြားစောင့်လုပ်ရတော့မယ်၊ အခုကတည်းက ရတုန်းယူထားရမယ်လို့ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကေဘီအေ လုပ်နေတာတွေဟာ ကရင်တွေအတွက်မဟုတ်သလို ဘယ်သူ့အတွက်မှလည်း မဟုတ်ဘူး။ သူတို့ကိုယ်ကျိုးအတွက် စစ်အစိုးရနဲ့ပေါင်းပြီး လူထုကိုဖျက်ဆီးနေတဲ့အကြောင်း အားလုံးသိရှိ ဆင်ခြင်နိုင်အောင် ခေတ်ပြိုင်ကတဆင့် ပြောပေးစေချင်ပါတယ်။

ဒီကေဘီအေ(၉၉၉) တပ်မဟာမှ
အရာရှိငယ်တဦး

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo