ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote

( ၂၀၀၈ -၂၀၀၉ ) သတင်းဓာတ်ပုံများ

 

၂၀.၁၂.၀၉ ရက်နေ့က မဲဆောက်မြို့တွင် ပြုလုပ်သည့် နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် မြို့တွင်း လမ်းလျှောက်ချီတက်ပွဲတွင် ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲခဲ့ကြသည့် ဓာတ်ပုံမှတ်တမ်းများ။
ဒီဇင်ဘာလ (၂၀)ရက်၊ ၂၀၀၉
၁၉-၁၂-၀၉ ရက်နေ့က မြန်မာနှစ်ဦးကို မဲဆောက်ကမ်းနားရှိ TOP FORM BRASSERE အထည်ချုပ်စက်ရုံ၏ မြန်မာလုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းရိုက်နှက်ကြသည့်အတွက် ၎င်းစက်ရုံမှ မြန်မာအလုပ်သမား (၃) ထောင်ကျော်က မကျေနပ်ကြသဖြင့် အလုပ်ရှင်မှ စက်ရုံလုံခြုံရေး ၀န်ထမ်းများကို ဖမ်ဆီးအရေးယူပေးရန် အလုပ်မဆင်းတော့ဘဲ ဆန္ဒပြနေကြသည့် ဓာတ်ပုံမှတ်တမ်းများ။
ဒီဇင်ဘာလ (၁၉)ရက်၊ ၂၀၀၉
၁၆-၁၂-၀၉ ရက်နေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် ကရင်နှစ်သစ်ကူးနေ့တွင် မဲဆောက်ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကရင်ဒုံးယိမ်းအဖွဲ့များ နှစ်သစ်ကူးပွဲတော်၌ သီဆိုကပြနေသည့် ဓာတ်ပုံမှတ်တမ်းများ။
ဒီဇင်ဘာလ (၁၆)ရက်၊ ၂၀၀၉
၁၂-၁၂-၀၉ နေ့ညက မဲဆောက်တွင် ထိုင်း-မြန်မာယဉ်ကျေးမှုနှင့်စီးပွားရေးအသင်းမှ ပြုလုပ်သည့် ဂီတဖျော်ဖြေပွဲတွင် မြန်မာအဆိုတော်များဖြစ်သည့် အာဇာနည်၊ ရဲလေး၊ ဖြုဖြူကျော်သိန်း၊ ဖိုးကာ၊ ထွန်းအိန္ဒြာဗိုတို့ သီဆိုဖျော်ဖြေနေသည့် ဓာတ်ပုံမှတ်တမ်းများ။
ဒီဇင်ဘာလ (၁၄)ရက်၊ ၂၀၀၉
၁၂-၁၂-၀၉ နေ့တွင်ကျရောက်သည့် နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မဲဆောက်ဒေသအတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကလေးငယ် (၁,၅၀၀) ခန့် မဲဆောက်မြို့တွင် လမ်းလျှောက်ချီတက်ခဲ့ကြသည့် ဓာတ်ပုံမှတ်တမ်းများ။
ဒီဇင်ဘာလ (၁၄)ရက်၊ ၂၀၀၉
၁-၁၂-၀၉ နေ့တွင်ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် ဒေသအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား (၁) ထောင်ခန့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့၌ လမ်းလျှောက် ချီတက်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများ။
ဒီဇင်ဘာလ (၁)ရက်၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် (၁-၁၁-၀၉) နေ့မှ (၈-၁၁-၀၉) နေ့အထိ မျက်စိဝေဒနာခံစားနေရသည့် မြန်မာနိုင်ငံသား (၂၀၀) ခန့်အတွက် အခမဲ့ခွဲစိတ်ကုသမှု ပြုလုပ်ပေးမှုကို Karen Aid Foundation From UK အဖွဲ့မှ မျက်စိအထူးကု ဆရာဝန်များ လာရောက်ကုသပေးသည့် ဓာတ်ပုံမှတ်တမ်းများ။
နိုဝင်ဘာလ (၉)ရက်၊ ၂၀၀၉
၁-၁၁-၀၉ နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဆောက်ဒေသတွင်းရောက် မြန်မာအလုပ်သမားများ မဲဆောက်ရှိ ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ ဓာတ်ပုံမှတ်တမ်းများ။
နိုဝင်ဘာလ (၂)ရက်၊ ၂၀၀၉
၁-၁၁-၀၉ ညက ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်နှင့် လွိုင်ကထုံပွဲတွင် မြန်မာအဆိုတော်များဖြစ်သည့် အယ်ဆိုင်းဇီ၊ နောနော်၊ ချစ်သုဝေ တို့ မဲဆောက်တွင် သီဆိုဖြေဖျော်နေသည့် ဓာတ်ပုံမှတ်တမ်းများ။
နိုဝင်ဘာလ (၂)ရက်၊ ၂၀၀၉
၁-၁၁-၀၉ ညက ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းတွင် တန်ဆောင်တိုင်နှင့် လွိုင်ကထုံပွဲအထိမ်းအမှတ် ထိုင်း-မြန်မာချစ်ကြည်ရေး မယ်ရွေးပွဲတွင် မြဝတီခရိုင်မှ (၁၀) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ရာ မဥသြဆွေ-ပထမ၊ မသင်းသင်းဖြိုး-ဒုတိယ၊ မဖြူဖြူဝင်း-တတိယတို့၏ ပြိုင်ပွဲဝင်မှတ်တမ်းဓာတ်ပုံများ။
နိုဝင်ဘာလ (၂)ရက်၊ ၂၀၀၉
၂၁-၉-၀၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် မြန်မာ့အရေးလှုပ်ရှားနေကြသည့် ထိုင်းအဖွဲ့များနှင့် မြန်မာ့အရေးလှုပ်ရှားသူအချို့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မဲဆောက်တွင် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ မှတ်တမ်းဓာတ်ပုံများ။
စက်တင်ဘာလ (၂၁)ရက်၊ ၂၀၀၉
၁၁-၉-၀၉ နေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် ပြုလုပ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ မှတ်တမ်းဓာတ်ပုံများ။
စက်တင်ဘာလ (၁၄)ရက်၊ ၂၀၀၉
ထိုင်းနိုင်ငံ ထာ့ဆောင်ရမ်းမြို့နယ်တွင်ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို မြန်မာဘက် ပြန်လာကြရန် ဒီကေဘီအေက ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိများနှင့် (၂၆-၈-၀၉) ရက်နေ့က နောင်ဘိုးယာယီဒုက္ခသည်စခန်းအနီးတွင် လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဒုက္ခသည်များက အခြေအနေအရ ပြန်ရန်မဖြစ်နိုင်သေးကြောင်း ငြင်းဆိုခဲ့သည့် မှတ်တမ်းဓာတ်ပုံများ။
သြဂုတ်လ (၂၇)ရက်၊ ၂၀၀၉
အာဏာပိုင်များ၏ မတရားဖမ်းဆီးမှုဖြင့် စစ်တပ်အတွင်းရောက်ရှိခဲ့သည့် ခမရ (၃၈၆) စကခ (၃) မှ တပ်သားများဖြစ်သည့် ကိုလင်းဝင်း ကိုယ်ပိုင်အမှတ် တ/၃၉၉၉၈၁ နှင့် ကိုမိုးလွင် ကိုယ်ပိုင်အမှတ် တ/၄၀၁၇၀၁ တို့သည် တပ်တွင်းဖိနှိပ်မှုများကြောင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် တပ်မဟာ (၅) တပ်စခန်းတခုတွင် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည့် မှတ်တမ်းဓာတ်ပုံများ။
သြဂုတ်လ (၂၁)ရက်၊ ၂၀၀၉
စာသင်ခန်းများထဲတွင် ပညာသင်ကြားနေကြရမည့်အချိန်တွင် ဘ၀၀မ်းစာရေးအတွက် အရွယ်နှင့်မမျှအောင် ရုန်းကန်နေကြရသည့် မြန်မာနိုင်ငံမှ ကလေးငယ်များ။ အဆိုပါ ကလေးငယ်များသည် မြ၀တီမြို့မှမဲဆောက်မြို့သို့ မနက်သွားညပြန် နေ့စဉ်လာရောက်ပြီး အချို့ကလေးငယ်များမှာ ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းချကာ အချို့မှာ လိုက်လံတောင်းစားနေကြရသည်။
သြဂုတ်လ (၁၇)ရက်၊ ၂၀၀၉
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင် ဒေသအတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ထဲမှ (၉၉) ဦးကို ဒီကေဘီအေအဖွဲ့မှ နေရပ်ပြန်ရန်အတွက် (၁၈၊ ၆၊ ၀၉) ရက်နေ့က ထိုင်းဘက်ခြမ်း မဲ့စလေရွာတွင် လာရောက် ခေါ်ဆောင်သည့် မှတ်တမ်းဓာတ်ပုံများ
ဇွန်လ (၁၉)ရက်၊ ၂၀၀၉
၁၅-၆-၀၉ ရက်နေ့ကတာ့ခ်ခရိုင် ဖို့ဖတ်မြို့နယ်အတွင်း တရားမ၀င်နေထိုင်သည့် မြန်မာအလုပ်သမားများကို ထိုင်းရဲမှလိုက်လံဖမ်းဆီးရာ မြန်မာနိုင်ငံသား (၂၀၀)ခန့်ကို M 79 မော်တာကျည် (၂) လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ
ဇွန်လ (၁၆)ရက်၊ ၂၀၀၉
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို နအဖနှင့်ဒီကေဘီအေတို့က ယခုလဆန်း (၂) ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ရာ ထိုင်းနယ်စပ် မဲ့စလေရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲရာ ၁၃-၆-၀၉ ရက်နေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်စစ်ဆေးပြီး ဒုက္ခသည်များအပါအ၀င် လူဦးရေ (၂,၀၀၀) ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည့် လှုပ်ရှားမှုဓာတ်ပုံများ
ဇွန်လ (၁၅)ရက်၊ ၂၀၀၉

၂-၆-၀၉ ရက်နေ့မှ စတင်ခဲ့သည့် တပ်မဟာ (၇) ဒေသအတွင်း တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးတိုးမြှင့်ချထားသည့် လှုပ်ရှားမှုဓာတ်ပုံများ
ဇွန်လ (၁၁)ရက်၊ ၂၀၀၉

နအဖနှင့် ဒီကေဘီအေထိုးစစ်ကြောင့် အိုးအိမ်စွန့်ခွာ၍ ထိုင်းနယ်မြေအတွင်း ၀င်ရောက်ခိုလှုံနေရသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များကို ၈-၆-၀၉ ရက်နေ့က ထိုင်းနိုင်ငံ ထာ့ဆောင်ရန်းမြို့နယ်တွင် တွေ့ရစဉ်
ဇွန်လ (၉)ရက်၊ ၂၀၀၉

ဒေသတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ၇-၆-၀၉ ရက်နေ့၌ မဲဆောက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဒေသတွင်းရောက်မြန်မာနိုင်ငံသားများ ဆန္ဒပြနေကြသည့် လှုပ်ရှားမှုဓာတ်ပုံများ
ဇွန်လ (၈)ရက်၊ ၂၀၀၉

၅-၆-၂၀၀၉ ရက်နေ့က မြန်မာစစ်တပ်နှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးလှုပ်ရှားမှုဒဏ်ကို မခံနိုင်တော့သဖြင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြသည့် လှိုင်းဘွဲ့နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူရွာသားများ
ဇွန်လ (၅)ရက်၊ ၂၀၀၉

(၂၇-၅-၀၉) နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မဲဆောက်ဒေသတွင်းရောက် မြန်မာနိုင်ငံသား (၁၀၀) ခန့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ကြသည့် လှုပ်ရှားမှု ဓာတ်ပုံများ
မေလ (၂၇)ရက်၊ ၂၀၀၉

၂၆-၅-၂၀၀၉ ရက်နေ့က ဂျပန်ဖောင်ဒေးရှင်းတခုမှလှူဒါန်းသည့် မဲဆောက်ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းကလေးငယ် (၁,၂၀၀) ခန့် ပညာသင်ကြားနိုင်မည့် ကျောင်းဆောင်သစ်တခု ဖွင့်ပွဲကျင်းပရာ ဒေါက်တာ စင်သီယာမောင်၊ တာ့ခ်ခရိုင်ဝန်နှင့် မဲဆောက်မြို့ပိုင်တို့ ဖွင့်လှစ်ပေးခဲ့သည့် လှုပ်ရှားမှုမှတ်တမ်းများ
မေလ (၂၆)ရက်၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် (၂၄-၅-၀၉) နေ့မွန်းလွဲပိုင်းက ဆန္ဒပြနေသည့် လှုပ်ရှားမှုဓာတ်ပုံများ။
မေလ (၂၅)ရက်၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာပြည်ငြိမ်းချမ်းရေး ညွှန့်ပေါင်းအဖွဲ့ချုပ် (Peace for Burma) မှ
ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ လှုပ်ရှားမှု ဓာတ်ပုံများ

မေလ (၁၈)ရက်၊ ၂၀၀၉

ဧပြီလ (၁၃-၁၄) ရက် ဘန်ကောက် အရေးအခင်း ဓာတ်ပုံများ
ဧပြီလ (၂၁)ရက်၊ ၂၀၀၉

ဧပြီ (၉) ရက်နေ့ Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီးကို ဆန္ဒပြသူများ စီးထားသည့် မြင်ကွင်းဓာတ်ပုံများ
ဧပြီလ(၁၀)ရက်၊ ၂၀၀၉

ဧပြီလ (၈) ရက်နေ့ ထိုင်းဝန်ကြီးချုပ်ရုံးပတ်လည် ဆန္ဒပြမြင်ကွင်း ဓာတ်ပုံများ
ဧပြီလ(၁၀)ရက်၊ ၂၀၀၉

ထိုင်းဝန်ကြီးချုပ်ရုံး ဆန္ဒပြပွဲမြင်ကွင်း (မတ်လ ၂၈ ရက်)
မတ်လ(၃၀)ရက်၊ ၂၀၀၉

(၂၁) နှစ်မြောက် ဖုန်းမော်နေ့အထိမ်းအမှတ်အခမ်းအနားတရပ်ကို (၁၃-၃-၀၉)
နေ့၌ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်သူများ
က ကျင်းပစဉ်

( မတ်လ(၁၃)ရက်၊ ၂၀၀၉)

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အား ထောက်ခံသူများ ထိုင်းဝန်ကြီးချုပ်ရုံးအား ဒုတိယနေ့ညပိုင်း ၀ိုင်းထားစဉ် (၂၅-၂-၀၉)
(၂၆ ဖေဖော်ဝါရီ ၂၀၀၉)

၂၀၊ ၂၊ ၂၀၀၉ နေ့က ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပသည့် (၆၁) နှစ်မြှောက် ဇိုမီးအမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှ ဖက်ဒရယ်ရေးရာဝန်ကြီး ဦခွန်မာရ်ကိုဘန် တက်ရောက်မိန့်ခွန်းမြွက်ကြားစဉ်။
(၂၀ ဇန်န၀ါရီ ၂၀၀၉)

မဲဆောက်ရှိမယ်တော်ဆေးခန်း တည်ထောင်ခြင်းအနှစ်(၂၀)ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို ၁၆-၂-၀၉ နေ့ကကျင်းပရာဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
(၁၆ ဇန်န၀ါရီ ၂၀၀၉)

မဲဆောက်မြို့တွင်ကျင်းပသည့် (၆၂)မြောက်မွန်အမျိုးသားနေ့အခမ်းအနား
(၁၀ ဇန်န၀ါရီ ၂၀၀၉)

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသူများ ဆန္ဒပြပွဲ-ဘန်ကောက် (ဆနမ်းလွမ်)
(၃၁ ဇန်န၀ါရီ ၂၀၀၉)

ထိုင်းရေတပ်သင်္ဘောဖြင့် ပင်လယ်သို့ဆွဲပြီး ကြိုးဖြတ် အစွန့်ခံရမည့် ရိုဟင်ဂျာလှေ

ဘန်ကောက် ဆူဝမ်နဖုန်လေဆိပ် ဆန္ဒပြမြင်ကွင်း

ထိုင်းဘုရင်၏ ၈၁ နှစ်မွေးနေ့ဆုတောင်းပွဲ


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo