သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ ကျနော်တို့ မြန်မာပြည်နဲ့ လုံးဝကိုက်ညီမှုမရှိဘူး၊ သူတို့ရဲ့ ဆန္ဒခံယူပွဲဆိုတာ လိမ်လည်ပြီးတော့ မဲခိုးပြီးတော့ လုပ်တာကို ကျနော်တို့ မကျေနပ်ဘူး။ ပြည်ပ မှာရှိတဲ့ ဗမာတွေအနေနဲ့ရော မဲပေးပိုင်ခွင့်မရှိဘူးလား။ ပတ်စ်ပို့ရှိတဲ့လူ အခွန်ဆောင်ပြီးသားလူမှပဲ မဲပေးခွင့်ရှိတယ်။ ပတ်စ်ပို့ ရှိပေမယ့်လဲ အခွန်မဆောင်ရသေးရင် မဲထည့်ခွင့် မရှိပြန်ဘူးဆိုတော့ သူတို့ဟာက ဘယ်လိုလဲ ။ အစိုးရအနေနဲ့ အားလုံးကို သာတူညီမျှ မဲပေးပိုင်ခွင့် ဖွင့်ပေးစေချင် တယ်။ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မဲထည့်ဖို့လည်း အခွင့်လမ်းတွေပေးသင့် တယ်။
ဦးဝီလျံချစ်စိန် (ONSOB )
အခြေခံဥပဒေဆိုတာ ပြည်သူတွေအားလုံးက သူတို့လိုချင်တဲ့မူကို တင်တယ်ဆိုရင်တော့ ဖြစ်နိုင် တယ်။ စစ်အုပ်စုက တင်လိုက်တဲ့ဟာဆိုရင် ဗမာနိုင်ငံကြီးဟာ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တော့ ဘူး။ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားမှာပဲ။ စစ်အာဏာက တည်မြဲသွားမှာပဲ။ တသက်လုံး တည်မြဲသွားမယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်သူတွေ ဒုက္ခတွင်းထဲကနေ နက်သထက် နက်သွားမယ်။ မယုံရင်ကြည့်လိုက်။
ကျော်စိုးဝင်း (ABSDF)
“လွတ်လပ်ပြီး တရားမျှတမှုသာရမယ်ဆိုရင် ကျနော်တို့ပြည်သူလူထုဟာ ၉၀ ခုနှစ်က
စိတ်ဓာတ်တွေ၊ သတ္တိတွေ ပြကြမှာပါ။ ၁၉၆၀ ခုနှစ်ကလည်း ပြည်သူက သူတို့ကြိုက်တဲ့ ခေါင်းဆောင်ကို အသည်းကြားက မဲတပြားနဲ့ ရွေးချယ်ခဲ့တဲ့သမိုင်းအစဉ်အလာရှိပါတယ်။
အဲတော့ ၆၀ ခုနှစ် သမိုင်းအစဉ်အလာနဲ့ ၉၀ ခုနှစ်သမိုင်းအစဉ်အလာပေါင်းလိုက်တဲ့
ဗမာလူထုရဲ့ ၀ိညာဉ်ဟာ အခုအချိန်အထိ ရှင်သန်အားကောင်းနေ...”
ဦးသိန်းညွန့် (အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင်)
>>> အပြည့်အစုံသို့ |